“ဂျမ်းဂျမ်း” ကွမ်းသီး ကွမ်းရွက် အရောင်းဆိုင်ပိုင်ရှင်အား အကြမ်းဖက် PDF ၂ ဦးမှ သေနတ်ဖြင့် ပစ်သတ်


(ပြည်တွင်း)ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွားထိုးကြီး-မြင်းခြံသွား ကားလမ်းဘေးရှိ “ဂျမ်းဂျမ်း”(ကွမ်းသီး ကွမ်းရွက်)အရောင်းဆိုင်၌ ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ဆိုင်ရှင်ဖြစ်သူအား အကြမ်းဖက် PDF ၂ ဦးမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ အမှတ် ၄ ရပ်ကွက်နေသူများဖြစ်သည့် “ဂျမ်းဂျမ်း”(ကွမ်းသီး ကွမ်းရွက်)အရောင်းဆိုင်ပိုင်ရှင် ဦးဘိုဘိုထက်၊ အသက် ၃၆ နှစ်(ပြည်ခိုင်ဖြိုးပါတီဝင်)နှင့် ဆိုင်အကူအလုပ်သမားဖြစ်သူ ခိုင်ဇင်လင်းနှင့် အတူ ဆိုင်ထိုင်၍ ကွမ်းသီး/ကွမ်းရွက်ရောင်းချနေစဉ် ကားလမ်းမ၏ မြောက်ဘက် အမှတ်(၄)ရပ်ကွက်၊လမ်းသွယ်ကြားမှ အကြမ်းဖက်အဖွဲ့ဝင် ၂ ဦး၊ ဆိုင်ကယ် ၁ စီးဖြင့် ဆိုင်ရှေ့သို့ရောက်ရှိလာပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်ပေါ်တွင်ထိုင်လျှက် ကျန်တစ်ဦးမှာ ဆိုင်ကယ်ပေါ်မှဆင်းကာ ကွမ်းသီး/ကွမ်းရွက်ဝယ်ယူသည့်ပုံစံဖြင့် ဆိုင်ရှေ့လာရောက်ကာ ဆိုင်ပိုင်ရှင် ဦးဘိုဘိုထက်အား သေနတ်အတိုဖြင့် ၁ ချက် ပစ်ခတ်ခဲ့ပြီး အမှတ်(၄)ရပ်ကွက် လာရာလမ်းသွယ်အတွင်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဆိုင်ပိုင်ရှင် ဦးဘိုဘိုထက်တွင် ဝဲဘက်ရင်ညွန့်အောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ