မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာအနီး အကြမ်းဖက် PDF အလောင်းနှင့် မိုင်းများ သိမ်းဆည်းရမိ


(ပြည်တွင်း)ဩဂုတ် ၃
ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာအနီး နယ်မြေရှင်းနေသည့် လုံခြုံရေးအဖွဲ့များနှင့်မိုင်းထောင်နေသည့် အကြမ်းဖက် အဖွဲ့ဝင်များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။

ယင်းထိတွေ့ပစ်ခတ်မှုတွင် အကြမ်းဖက်PDF ၁ လောင်း၊ လက်လုပ်ကွန်ကရစ်မိုင်း ၂ လုံး၊ ဝါယာကြိုး ၁ ခွေတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။မုံရွာမြို့အနီးတဝိုက်ရှိ အကြမ်းဖက်PDFအဖွဲ့များကို နယ်မြေရှင်းလင်းရေးစစ်ကြောင်းအဖွဲ့များက မြေပြင်သတင်းရယူ၍ ဆက်လက်ရှင်းလင်းရေးဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။

#PAN