ကွင်းအသစ်ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ အာဆင်နယ်အသင်း

သြဂုတ် ၃

       အာဆင်နယ်အသင်းတာဝန်ရှိသူတွေက အမ်းမရိတ်စ်ကွင်းကို ပြင်ဆင်ပြီး တိုးချဲ့တည်ဆောက်ရန် စဉ်းစား နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အမ်းမရိတ်စ်ကွင်းကို ၂၀၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပရိသတ်ခြောက်သောင်းကျော် ဝင်ဆံ့တဲ့ကွင်းအဖြစ်  ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

     လက်ရှိအချိန်မှာ ပရိသတ်တွေရဲ့ လက်မှတ်ဝယ်လို အား မြင့်တက်လာမှုနဲ့အတူ ခေတ်နဲ့အညီ ပြုပြင် ဆောင်ရွက်ရန် လိုအပ်လာတာကြောင့် တာဝန်ရှိသူတွေက ခေတ်မီအဆင့်မြင့်ကွင်းအဖြစ် တိုးချဲ့တည် ဆောက်ရန် စဉ်းစားလာတာဖြစ်ပါတယ်။

      ကွင်းအမိုးထည့်သွင်းခြင်းနှင့် ကြီးမားတဲ့ရုပ်သံပြစက် ထည့်သွင်းခြင်းများကို ပြုလုပ်ခဲ့ပြီးပေမယ့် ပရိသတ် များက ပြိုင်ဘက်အသင်းများကဲ့သို့ အဆင့်မြင့်ကွင်းတစ်ကွင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် လိုလား နေကြောင်း သိရပါတယ်။

#PAN