ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများသို အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် ဖွဲစည်းမှတ်ပုံတင်ရန် အသိပေး


(ပြည်တွင်း) ဩဂုတ် ၂

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ စတင်ပြီး အီလက် ထရောနစ်မှတ်ပုံတင်စနစ်(Myanmar Companies Online-MyCO)ဖြင့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲများကို အများပြည်သူမှ နေ့စဉ် ၂၄ နာရီ မှတ်ပုံတင်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ကုမ္ပဏီများအနေနဲ့ မှတ်ပုံတင်ရာတွင် အီလက်ထရောနစ်မှတ်ပုံတင်ရာမှာ လွယ်ကူစွာမှတ်ပုံတင်နိုင်သလို မှတ်ပုံတင်အရာရှိအနေဖြင့် ကုမ္ပဏီများမှ လိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိကို အီလက်ထရောနစ်နည်းလမ်းဖြင့် စောင့်ကြည့်သည့်စနစ်များ၊ အလိုအလျောက် သတိပေးနိုင်မယ့်စနစ်များ၊ မှားယွင်းမှုနှင့် ပျက်ကွက်မှု တို့ကို သတိပေး အကြောင်းကြားခြင်းနှင့် အရေးယူခြင်းတိုကို Myanmar Companies Online-MyCO စနစ်မှတစ်ဆင့် ကြီးကြပ် ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီအားလုံးသည် ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် နောက်ပိုင်းကာလ အတွက် နှစ်စဉ်အနည်းဆုံးတစ်ကြိမ် ကုမ္ပဏီ၏ အသေးစိတ် ဖော်ပြချက်များပါရှိသော နှစ်စဉ်အစီရင်ခံစာ(Annual Return-AR)ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် နှစ်စဉ်အစီရင်ခံစာ(AR)တင်ပြရာတွင် အဆိုပါ အစီရင်ခံစာ(AR)ပုံစံတွင် ဖော်ပြထားသော လုပ်ငန်းများအနက် ကုမ္ပဏီမှ အဓိကထားဆောင်ရွက်မည့် လုပ်ငန်း ၅ မျိုးကိုသာ အများဆုံးရွေးချယ်ဖော်ပြရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားချက်များကိုလည်း တိကျစွာလိုက်နာ ဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အသိပေးထားကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ