Money Changer ၁၉၄ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းပြီး ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ ၉၃ ဦးကို ထပ်မံအရေးယူ


(ပြည်တွင်း) ဩဂုတ် ၂

တရားမဝင် ဒစ်ဂျစ်တယ်ငွေကြေးတွေ ရောင်းဝယ်လဲလှယ်တာ နိုင်ငံခြားငွေကြေးကစားနေသူတွေနဲ့ ဟွန်ဒီ လုပ်ငန်းဆောင်ရွက်နေသူ ၉၃ ယောက်ကို ထပ်မံအရေးယူထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ်လ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တရားမဝင် ဒစ်ဂျစ်တယ်ငွေကြေးများကို ရောင်းဝယ်လဲလှယ်ပြီး နိုင်ငံခြားငွေကြေးကစားနေသူတွေနဲ့ ဟွန်ဒီ လုပ်ငန်းဆောင်ရွက်နေသူတွေကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေတဲ့အတွက် ငွေကြေးခဝါချမှုတိုက်ဖျက် ရေး ဥပဒေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးကြေညာချက်ထုတ်ပြန်ထားရှိကြောင်းနဲ့ နိုင်ငံခြားငွေကြေး ကစားနေသူတွေနဲ့ ဟွန်ဒီလုပ်ငန်း ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ် ၃၉ ယောက်ကို ဖော်ထုတ်အရေးယူထားပြီးဖြစ်ကာ ထပ်မံပြီး ၉၃ ယောက်ကို စိစစ်ဖော်ထုတ်၍ ၎င်းတိုရဲ့ ဘဏ်ငွေစာရင်းတွေနဲ့ Pay Account တွေကို ယာယီဆိုင်းငံ့တဲ့ အရေးယူမှုတွေ ဆောင်ရွက်ထားရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတဲ့ Money Changer တွေကိုလည်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တွေ ရုပ်သိမ်းခဲ့ရာ ဩဂုတ် ၁ ရက်ထိ စုစုပေါင်း Money Changer ၁၉၄ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပြီးဖြစ်တယ်လို ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ