ဂွမြို့နယ်ဘက်ကို ပို့ဆောင်မည့် တရားမဝင် ကုန်ပစ္စည်းများနှင့် တရားခံများအား ချောင်းသာတွင် ဖမ်းဆီးရမိ


(ပြည်တွင်း) ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့မှ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို ပို့ဆောင်မည့် တရားမဝင် ကုန်ပစ္စည်းများတင်ဆောင်ထားသော စက်လှေတစ်စီးနှင့် တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီက ချောင်းသာမြို့၊ အမှတ်(၁)ရပ်ကွက်၊ “မြင့်” ငါးဒိုင်ဆိပ်ကမ်းတွင် ပဲ့ထောင်စက်လှေတစ်စီးပေါ်က စားသောက်ကုန်များနှင့် စက်သုံးဆီပေပါများအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဟွန်ဒါ ရ.၅ ကောင် တင်ဆောင်ထားသော ပဲ့ထောင်စက်လှေတစ်စီးပေါ်က စက်သုံးဆီဒီဇယ် ၄ ပေပါ၊ အချိုမှုန့် ၂၅ ကီလိုဂရမ်ပါအိတ် ၇ အိတ်၊ စားသေက်ကုန်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထည့်ထားသော ပီနမ်အိတ် ၂၈ ထုပ် တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အဆိုပါ စက်လှေအား ချောင်းသာမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူ ထွန်းနိုင် (အသက် ၄၅ နှစ်)နှင့် ချောင်းသာမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူ ကုန်ပစ္စည်းပိုင်ရှင် အောင်ဆန်းနိုင်(ခ)အောင်လေး (အသက် ၄၂ နှစ်) တို့ကိုပါ တပါတည်းတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့တွင် နေထိုင်သူ ရေလုပ်ငန်းလုပ်သူ လွင်ဦးဆီသို့ ပို့ဆောင်နိုင်ရန်အတွက် ထွန်းနိုင်၏ စက်လှေမှတဆင့် အောင်ဆန်းနိုင်(ခ)အောင်လေး ပိုင်ဆိုင်သည့် ငါးဖမ်းစက်လှေပေါ်ကို ပို့ဆောင်ဖို့ ကြိုးစားနေစဉ် ဖမ်းဆီးရ မိခဲ့ခြင်း ဖြစ်သည်။

ထိုမှတဆင့် ၎င်းကုန်ပစ္စည်းများအား ရွှေသောင်ယံမြို့ ၊ ဘောမိကျေးရွာအုပ်စု၊ ဂျိတ်လတ်ကျေးရွာ အနီးပင်လယ်ပြင်တွင် သွားရောက်လွှဲပြောင်း ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရှိရသဖြင့် အမှုဖွင့်လှစ်အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ