မောင်တောမြို့ ၊ မြို့သူကြီးအခြေစိုက် နခခ (၅)တပ်ရင်းနှင့် AA တို့ တိုက်ပွဲပြင်းထန်နေ


(ပြည်တွင်း) ဇူလိုင် ၃၁

ရခိုင်ပြည်နယ် မောင်တောမြို့၊ မြို့သူကြီးအခြေစိုက် နခခ (၅)တပ်ရင်းနှင့် AA သောင်းကျန်းသူတို့အကြား ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ၊ နံနက် ၄ နာရီအချိန်ခန့်မှ စတင်၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဖြစ်ပွားရာနေရာသို့ တပ်မတော်လေမှ ဂျက်တိုက်လေယာဉ် ၃ စီးခန့်ဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပေးနေသကဲ့သို့ ရေတပ်နေဗီမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။

မောင်တောမြို့ အမှတ်(၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ(၅) တပ်ရင်းအပါအဝင် တပ်မတော်တပ်ဖွဲ့များ စစ်သင်တန်းတက်ထားသော ဒေသခံမွတ်ဆလင်များမှ ပူးပေါင်းအင်အားဖြည့်တင်းကာ AA သောင်းကျန်းသူများ အား အပြင်းအထန် တိုက်ခိုက်ချေမှူန်းနေကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ