ကမ္ဘာ့အဆင့်(၁)တင်းနစ်ကစားသမား ဂျန်နစ်ဆင်နာ အိုလံပစ်အားကစားပွဲတော်မှ နုတ်ထွက်ကြောင်း ကြေညာ”


(အားကစား) ဇူလိုင် ၂၆

ကမ္ဘာ့အဆင့်(၁) တင်းနစ်ကစားသမားဖြစ်တဲ့ အီတလီတင်းနစ်ကစားသမား ဂျန်နစ်ဆင်နာ ဟာ ပြင်သစ် နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ဇူလိုင်လ ၂၅ ရက် တွင် တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဂျန်နစ်ဆင်နာ ဟာ အာသီးရောင်ရောဂါ ဝေဒနာခံစားနေရပြီး လိုအပ် သောဆေးကုသမှု ပြုလုပ်ရန်အတွက် ယခုလို အိုလံပစ်အားကစားပွဲတော်မှ နုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဂျန်နစ်ဆင်နာ အနေနဲ့ ၂၀၂၄ ခုနှစ် တင်းနစ်ရာသီတွင် အိုလံပစ်အားကစားပြိုင်ပွဲ၌ အီတလီနိုင်ငံအတွက် အောင်မြင်မှုယူဆောင်ပေးရန် ရည်မှန်းထားသော်လည်း ရည်မှန်းချက်မအောင်မြင်ရသောကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရပြီး အီတလီပရိသတ်များကိုလည်း တောင်းပန်ကြောင်း ၎င်း၏ လူမှုကွန်ယက် X တွင် ထုတ်ပြန်ကြေညာ ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ