” အင်ဒိုနီးရှားနိုင်ငံရဲ့ အနာဂတ်အတွက် အနောက် ဘက်ကို မဟုတ်ဘဲ ရုရှား၊ အိန္ဒိယ နှင့် တရုတ် တို့ကို မျက်နှာမူသင့်ကြောင်း အင်ဒိုနီးရှား ဘုရင်ခံပြောကြားခဲ့ “

ဇွန် ၂၀

အင်ဒိုနီးရှားနိုင်ငံသည် ၎င်းတို့နိုင်ငံ၏ အနာဂတ်အလားလာများ အတွက် အနောက်ဘက် နိုင်ငံများ သို့မဟုတ်ဘဲ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့ကိုသာမျက်နှာမူသင့်တယ်လို့ အင်ဒိုနီးရှား သမ္မတလောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၁၉ရက် တနင်္လာနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတလောင်း လည်းဖြစ်ပြီး အင်ဒိုနီးရှားဘုရင်ခံလည်းဖြစ်သည့် Ganjar Pranowo က ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့ ​ကိုယ်ပိုင်စနစ်များဖြင့် ၎င်းတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ထားပြီး ၎င်းတို့နိုင်ငံ၏ စွမ်းဆောင်နိုင်သော ကြိုးပမ်းအားထုတ်မှု အင်အားတို့ဖြင့် ရုရှား၊တရုတ် နှင့် အိန္ဒိယနိုင်ငံများ ကဲ့သို့ စတုတ္ထနိုင်ငံကြီး အဖြစ်ရပ်တည်သွားနိုင်ရန် ဆန္ဒရှိနေကြောင်း ပြောကြား ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ စီးပွားရေး ပါဝါများတွင် အနောက်နိုင်ငံများ နှင့် အမေရိကန်နိုင်ငံတို့၏ စီးပွားရေး ပါဝါများ ကျဆင်းလာ နေပြီး အမေရိကန် နိုင်ငံသည် ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုများတွင် အာရှနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့၏ စိန်ခေါ်မှုများ ပိုမိုများပြား လာကြောင်းလည်း ၎င်းက ထောက်ပြ ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

Ganjar Pranowo က လာမည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ပွဲတွင် အာဏာရနိုင်မည့် ပါတီအတွင်း သမ္မတ လောင်းရာထူးနေရာကို ဝင်ရောက် ယှဥ်ပြိုင်ထား သူလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။