သံတောင်မြို့၊ မြို့နယ်ပညာရေးမှူးရုံးကို မသမာသူအဖွဲ့က အလစ်အငိုက်ရယူပြီး မီးရှို့ဖျက်ဆီးခဲ့

ဇွန် ၂၀

       ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးကို ယမန်နေ့ ည သန်းခေါင်ကျော်
၁၂ နာရီ ၄၀ မီးနစ်အချိန်ခန့်တွင် မသမာသူအဖွဲ့က
အလစ်အငိုက်ရယူပြီး မီးရှို့ဖျက်ဆီးခဲ့ရာ ပတ်ဝန်း ကျင်ပြည်သူများနှင့် တာဝန်ရှိသူများ၏ ဝိုင်းဝန်းမီးငြိမ်းသတ်မှုကြောင့် ယနေ့ နံနက် ၁ နာရီ ၅၀ မီးနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် အ​ပေါ်ထပ်အတွင်းပိုင်းအားလုံး မီး​လောင်ကျွမ်းသွား​ပြီး လူ အထိခိုက်မှုမရှိကြောင်း၊ မည်သည့်အဖွဲ့က ယခုလိုမီးရှိုးဖျက်ဆီး​သည်ကို မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သတင်ရရှိပါသည်။

       အဆိုပါ မြို့နယ်ပညာရေးမှူးရုံးသည် PDF
အကြမ်းဖက်လူသတ်အဖွဲ့က ယခင်ကျောင်းမဖွင့်မီက လက်ပစ်ဗုံး/မိုင်းဖြင့်ကျောင်းမဖွင့်နိုင်ရန် ၂ ကြိမ်ခန့် နှောက်ယှက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။

#PAN