TGL-7 မှာ MMA ဖိုက်တာနဲ့ ယှဉ်ပြိုင်ရမယ့် ကျော်စွာဝင်း


(အားကစား) ဇွန် ၂၅

TGL-7 နှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပါဆတိုရီ ယှဉ်ပြိုင် ထိုးသတ်ကြမယ်လို သိရပါတယ်။

The Great Lethwei (TGL) အဖွဲအစည်းက ပြည်တွင်းမှာ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ကျင်းပနေလျက် ရှိပြီး လာမယ့်ဇူလိုင်လ ၇ ရက်မှာ TGL-7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

The Great Lethwei (TGL) အဖွဲအစည်းသည် ယင်း TGL-7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးပေမယ့် အဓိကခေါင်ပွဲအဖြစ် ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပါဆတိုရီ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ The Great Lethwei (TGL) အဖွဲအစည်းက TGL-7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမည့် နေရာနှင့် ပါဝင်မည့်တွဲဆိုင်းများကို အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Telegram>>…
https://t.me/positiveanglenews

PAN

SZ