ဆားဘီးယားတွင် အနီရောင်အဆင့် အပူချိန်သတိပေးမှုထုတ်ပြန်


(နိုင်ငံတကာ) ဇွန် ၂၅

ဆားဘီးယားနိုင်ငံတွင် ရက်သတ္တပတ်အတွင်း အပူချိန်သည် ၃၅ မှ ၄၀ ဒီဂရီအထိ ရောက်ရှိမည်ဖြစ်ကြောင်း ဆားဘီးယားမိုးလေဝါသဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သတင်းပတ်မကုန်မှီ ဆားဘီးယားမိုးလေဝါသဌာနသည် အနီရောင်အဆင့် အပူချိန် သတိပေးချက်ကို ထုတ်ပြန်ပြီး လူနှင့်တိရိစ္ဆာန်တို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ရာသီဥတုအခြေအနေများအားထုတ်ပြန်ခဲ့သည်။

သို့သော်လည်း လာမည့်သတင်းပတ်များအတွင်း မုန်တိုင်းများကျရောက်နိုင်သည့်အတွက် အပူချိန်ကျဆင်းလာနိုင်ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။

ဆားဘီးယားနိုင်ငံသည် ဥရောပအလယ်တွင်တည်ရှိသည့် ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပျမ်းမျှ ၁၁ ဒီဂရီဝန်းကျင် အပူချိန်ရှိသည့်နိုင်ငံဖြစ်သော်လည်း ယခုအခါ ပူပြင်းသည့်ရာသီဥတုဒဏ်ကို ခံစားနေရကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ