“၂၀၂၅ ဒီဇင်ဘာလတွင် အာဖရိကနိုင်ငံများဖလား ကျင်းပမည်”

(အားကစား) ဇွန် ၂၃

၂၀၂၅ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်မှာ စတင်ကျင်းပသွားမယ်လို့ အာဖရိက ဘောလုံးအဖွဲ့ချုပ်က ဇွန်လ ၂၁ ရက်မှာ တရားဝင်ကြေညာခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ ကစားရမယ့်ပွဲစဉ်တွေ များပြားနေတာကြောင့် အာဖရိကဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲကျင်းပမယ့်ရက်ကို အခုလိုပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံမှာကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၅ နှစ်လယ်ပိုင်းလောက်မှာ စတင် ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ပုံစံသစ်ပြောင်းလဲလိုက်တာကြောင့် ၆ လ နောက်ဆုတ် ခဲ့ရတာဖြစ်ပါတယ်။

ပြိုင်ပွဲဝင် အသင်းပေါင်း ၂၄ သင်းပါဝင်မယ့် ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ခြေစစ်ပွဲစဉ် တွေကို အခုနှစ် စက်တင်ဘာလကစတင်ပြီး နိုဝင်ဘာလအထိ ကစားသွားမယ်လို့ သိရပါတယ်။

#PAN