ဇွန် ၁၉
ယမန်နေ့ ညနေ ၅ နာရီ ၄၅ မီးနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရွာနေ အထက-ပခန်းကြီးမှ လက်ထောက်ကျောင်းအုပ် ဒေါ်သန်းသန်းအေး ကို နေအိမ်တွင် ရှိနေစဥ် PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူများက လာရောက်ဖမ်းဆီးသွားခဲ့ပါသည်။
PDF အကြမ်းဖက်များက CDM မပြုလုပ်သည့်အတွက် လာရောက်ဖမ်းဆီးတာဟု ခြိမ်း ခြောက်ပြောဆိုပြီး သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးသွားခဲ့ကြောင်း၊ ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသကဲ့သို့ မည်သည့်သတင်းမှလည်း မရသေးကြောင်း သတင်းရရှိပါသည်။
လူသတ်အကြမ်းဖက် PDF များ သည် ”ငါနှင်မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် Non CDM ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများကိုပါ ပစ်မှတ်ထား၍ အကြမ်းဖက်မှုများပြုလုပ်နေကြရာ ယခုလို ပညာဝန်ထမ်းများကို အကြမ်းဖက်ဖမ်းဆီးခြင်းသည် ယနေ့ ကလေးများ၏ အနာဂါတ်ကို ဖျက်ဆီးရုံမျှမက အနာဂါတ်နိုင်ငံတော်ကိုလည်း ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရပါသည်။
#PAN