သရက်မြို့က PDF ၄ ဦး အလင်းဝင်

(ပြည်တွင်း) ဇွန် ၁၄

သရက်မြို့မှ PDF ၄ ဦး အလင်းဝင်ရောက်လာသည့်အတွက် ၎င်းတို့အား မိဘများထံပြန်လည်အပ်နှံသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး သရက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသည့် PDF ၄ ဦးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့်သူများဖြစ်သည့်အတွက် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ အလယ်ပိုင်းတိုင်စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်းသိရပြီး အလင်းဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား (၄)ဦး တို့အား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး‌ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

#PAN