ကျိုက်ထီးရိုးတောင်တက်ကားလမ်း ဘေးနံရံမြေသားပြိုကျပြီးလမ်းပိတ်ဆို့နေ


(ပြည်တွင်း) ဇွန် ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်တွင် ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားလမ်း၊ ကင်မွန်းချောင်းကျေးရွာမှ (၇)မိုင်(၆) ဖာလုံ၊ စခန်းလေးရေဆိပ်ကွေ့တွင် မြေသားပြိုကျမှု ဖြစ်ပွားခဲ့သည့် အတွက် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါမြေသားပြိုကျမှုဖြစ်ပွားခဲ့ပြီး ဖြစ်ပွားရာနေရာသို့ ရင်ပြင်တော် ရဲကင်းစခန်းမှ ဒုရဲအုပ် ဖြိုးသူကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ရင်ပြင်တော် မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးအောင်ငြိမ်းနှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ(၂၂)မှ ဒုရဲအုပ် နေမင်းထွန်းနှင့် တပ်ဖွဲဝင်များ၊ ခလရ(၉၆)မှ ဗိုလ်ကြီး ဟန်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင် ဦးထွန်းမြင့်နှင့် တောင်တက်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကာ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဇွန် ၁၂ ရက်နေ့ ညပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စခန်းလေးရေဆိပ်ကွေ့ တောင်တက်ကားလမ်းဘေး အမြင့်ပေ(၁၀၀)ခန့်၊ အလျား ပေ(၃၀)ခန့် မြေသားပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်တက်ကားလမ်းပေါ် အရှည်ပေ(၁၀၀)ခန့် မြေသားပိတ်ဆိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြေသားပြိုကျပြီး တောင်တက်ကားလမ်းပိတ်ဆိုမှုများကြောင့် ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများအား ကင်မွန်းစခန်း – ရသေ့တောင် တောင်တက်လမ်းဟောင်းမှ ပိုဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ