“အိန္ဒိယ – ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး နှစ်ဦး တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာများ နှင့် မိတ်ဖက် ဆက်ဆံရေး သဘောတူညီမှုများ ကို ဆွေးနွေးမှုများပြုလုပ်ခဲ့”

ဇွန် ၁၉

အိန္ဒိယနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့သည် နှစ်နိုင်ငံ ပူးပေါင်း ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ အားကောင်းလာစေရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး က အိန္ဒိယ နိုင်ငံသို့ ဇွန်လ ၁၈ရက်နေ့ မှ ၁၉ရက်နေ့ထိ နိုင်ငံတော်ခရီးစဥ် အဖြစ်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး Rajnath Singh က ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ် Phan Van Giang နှင့် ယနေ့ ဇွန်လ ၁၉ရက်နေ့ တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ဆိုင်ရာ ကာကွယ်ရေး နှင့် မိတ်ဖက် ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ ကြတာလည်းဖြစ်ပါတယ်။

အဆိုပါ တွေ့ဆုံမှုတွင် အိန္ဒိယ – ဗီယက်နမ် နှစ်နိုင်ငံ ဝန်ကြီးတို့က ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ဝယ်ယူရေး၊ နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်ရေးများ နှင့် နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေး ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု နှင့် ကာကွယ်ရေး နည်းပညာများဖြစ်သည့် နှစ်နိုင်ငံ သဘောတူညီချက်များ အပါအဝင် နယ်ပယ်မျိုးစုံမှ နှစ်နိုင်ငံ ဆက်ဆံ ရေးတိုး မြှင့်နိုင်ခြေများကို ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြတယ်လို့ သတင်းဌာန များကဖော်ပြပြောဆိုထားကြပါတယ်။