(ပြည်တွင်း) ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့ရှိ မြို့နယ်သမရုံးနှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတို့အား ယနေ့ညနေ ၃ နာရီ ၄၅ အချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့က မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးနှင့် ရုံးခန်းမဆောင်တို့ မီးလောင်မီးလောင်းကျွမ်းသွားခဲ့ပြီး ရုံးဝန်းခြံပတ်ပတ်လည်တွင်လည်း အကြမ်းဖက် PDF အဖွဲ့မှ မိုင်းများထောင်ထားခဲ့ပြီး အနီးရှိ မြို့နယ်သမရုံးအဆောက်ဦးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကို လည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။
Telegram>>…
https://t.me/positiveanglenews