ပြင်သစ်အိုးပင်း စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အယ်ကာရက်ဇ်


(အားကစား) ဇွန် ၃

ပြင်သစ်အိုးပင်း စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အယ်ကာရက်ဇ်


(အားကစား) ဇွန် ၃

ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ဆီဒင်အဆင့်-၃ ရထားတဲ့ စပိန်တင်းနစ်သမား အယ်ကာရက်ဇ် ဟာ တတိယအဆင့်ပွဲမှာ အနိုင်ရပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

မေလ ၃၁ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ တတိယအဆင့်ပွဲမှာ အယ်ကာရက်ဇ် နဲ့ အမေရိကန်နိုင်ငံသား ကိုဒါ တို ဆုံတွေ့ခဲ့တာဖြစ်ပြီး ညာဘက် လက်မောင်းဒဏ်ရာရှိနေတဲ့ အယ်ကာရက်ဇ် ဟာ ဒဏ်ရာသက်သာစေတဲ့ လက်မောင်းအစွပ်ကို ဝတ်ဆင်ပြီး ကစားခဲ့ရပေမယ့် ကိုဒါ ကို အသာစီးနဲ့ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ကိုဒါ ကလည်း အကောင်းဆုံးကြိုစား ယှဉ်ပြိုင်ခဲ့ပေမယ့် အယ်ကာရက်ဇ် ရဲ့လက်စွမ်းကို မယှဉ်နိုင်ခဲ့ တာကြောင့် ရှုးနိမ့်ကာ ပြိုင်ပွဲကနေထွက်ခဲ့ရတာပါ။

ပွဲကစားချိန် ၂ နာရီနဲ့ မိနစ် ၄၀ ကြာမြင့်ခဲ့ပြီးနောက် အယ်ကာရက်ဇ် က (၆း၄၊ ၇း၆၊ ၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး စတုတ္ထအဆင့်ကို တက်သွားခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကိုဒါ အတွက်ကတော့ ၁၉၉၂ ခုနှစ်က ဖခင်ဖြစ်သူ ပီတာကိုဒါ ရဲ့ ပြင်သစ်အိုးပင်းစတုတ္ထအဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့မှတ်တမ်းကို လိုက်မီနိုင်ဖို မျှော်လင့်ချက်နဲ့ လွဲချော်သွားခဲ့ရတာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ