(ပြည်တွင်း) ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၆၃×၂၆ လမ်းထောင့်ရှိ ဖုန်းအရောင်းဆိုင်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဓားမြတိုက်မှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဦးမျိုးမြင့်အောင်၊ အသက် ၃၆ နှစ်၊ ဖုန်းရောင်းဝယ်ရေး၊ မဟာဇေယျာဘုံရပ်ကွက်၊ အကွက် (၇၉၈)၊ ၆၃×၂၆ လမ်းထောင့်၊ အောင်မြေသာစံမြို့နယ်နေသူပိုင်ဆိုင်သည့် SKY MOBILE ဖုန်းဆိုင်သို့ အမည်မသိလူ ၂ ဦးမှဓါးရှည်ကိုင်၍ ဆိုင်အတွင်းဝင်ရောက်ကာ ဘယ်ဘက်ရှိကောင်တာအား ဓါးဖြင့်ရိုက်ခွဲပြီး ကောင်တာအတွင်းရှိ Redmi-A3 ဖုန်း ၁၀ လုံး၊ ဖုန်းဟောင်း ၂လုံး၊ ငွေကျပ် သိန်း ၃၀ တို့အား လုယက် ယူဆောင်ကာ ၂၆ လမ်းမှ တဆင့် ၆၃ လမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
Telegram>>…
https://t.me/positiveanglenews