ဝါးခမောက်ဆောင်း ပေါက်တူးထမ်းပြီးပွဲထွက်လာမယ့် ထွန်းမင်းအောင်နဲ့ ရုရှား ဒီညနေထိုးမယ်


(အားကစား) မေ ၃၁

ယနေ့ မေလ ၃၁ ရက် ထိုင်းစံတော်ချိန် ည ၇ နာရီအချိန်မှာ ONE က ပြုလုပ်သည့် ONE Lumpinee 65 ပွဲစဉ်တွင် မြန်မာ့ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ရုရှားဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသတ်သွား မည်ဖြစ်ပြီး ONE က တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ကြောင်း သိရသည်။

ရုရှားဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည့် ရိုးရာလက်ဝှေ့ဖိုက်တာ ထွန်းမင်းအောင်အနေဖြင့် မေလ ၃၀ ရက်နေ့တွင် ဆေးစစ်ဝိတ်ချိန်မှုအောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထွန်းမင်းအောင်သည် ပွဲစဉ်အတွက် မေလ (၂၆)ရက်တွင် ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာခဲ့ကာ ဝိတ်ချခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများ‌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ည ထွန်းမင်းအောင် ပွဲထွက်မည့်ပုံစံမှာ အစ်ကိုဖြစ်သူ ထွန်းထွန်းမင်း ပွဲထွက်ခဲ့ဖူးသည့် ခမောက်စောင်းကာ ပေါက်တူးထမ်းသည့် ပုံစံဖြင့် ပွဲထွက်ပါဖောမန့်အား လုပ်ဆောင်သွားရန်ရှိကြောင်း ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပွဲကြို သတင်းစကားပါးထားသည်။

ယခုလ မေ(၁၇)ရက်ကလည်း ONE ကပြုလုပ်သည့် Friday Fight 36 ပြိုင်စဥ်တွင် ထွန်းမင်း‌အောင်နှင့် ညီအကိုတော်စပ်သူ ထွန်းမင်းနိုင်က ဂျပန်ဖိုက်တာ တိုမိုကီဆာတို နှင့်ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ ပြိုင်ဘက် ဂျပန်ဖိုက်တာအား ဒိုင်ပေးမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ