KIA၊ PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ လားရှိုး -.သိန္နီ – ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသွားယာဥ်များကို တားဆီးပြီး ဆက်ကြေးကောက်ခံ၊ မပေးနိုင်သည့်ယာဥ်များ မီးရှို့ဖျက်ဆီး


မေ ၂၆

        KIA၊ PDF အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအင်အား ၄၀ ဦးခန့်သည် ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင်  လက်နက်ငယ်ကိုယ်စီဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး -.သိန္နီ – ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီး ၃၃ မိုင်တွင် ခရီး သွားယာဥ်များကို တားဆီးပြီး ဆက်ကြေးကောက်ခံနေကြောင်း သိရှိရပါသည်။

    အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့သည် လားရှိုးမှ ချင်းရွှေဟော်ဘက်သို့ မောင်းနှင်လာသည့် ဘိလပ်မြေ ၃၄၀ အိတ်ပါ ၁၂ ဘီးမော်တော်ယာဥ်ကို ဆက်ကြေးကောက်ခံရာ ပေးစရာမရှိသည့်အတွက် ၎င်းယာဥ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသိုမီးရှို့ဖျက်ဆီးခြင်းကြောင့် လူထိခိုက်သေဆုံးခြင်းမရှိကြောင်းနှင့် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့သည် ယခုသတင်းရေးသာချိန်ထိ ၎င်းနေရာတွင် ရှိနေသေးကြောင်း သတင်းရရှိပါသည်။

     ကွမ်းလုံ – လားရှိုး လမ်းကြောင်းဝန်းကျင်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးဘက်မှ တိမ်းရှောင်လာသည့် လူသတ်အကြမ်းဖက် PDF များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လာရောက်ပူးပေါင်းလျှက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရှိရပါသည်။

https://t.me/positiveanglenews

PAN