မေ ၂၅
ယမန်နေ့ ညနေပိုင်းက ချင်းပြည်နယ်၊ဟာခါးမြို့၊ မြို့သစ်ရပ်ကွက်နေထိုင်သူ ဦးချန်ကီယန်း၊ ၇၀ နှစ် သည် ဆိတ်စာရှာရင်း အိမ်ပြန်မလာတော့သည့်အတွက် ယနေ့ နံနက်ပိုင်းတွင် မိသားစုဝင်များက လိုက်လံရှာဖွေရာ ဖလမ်း – ဟားခါးလမ်းမကြီး၊ မြို့အဝင်လမ်းအောက်ဖက် တောထဲတွင် ယမန်နေ့က ညနေ ၅ နာရီအချိန်ခန့်တွင် ဗုံးပေါက် ကွဲသံကြားရကြောင်း အနီးအနားနေထိုင်သူများပြောကြားချက်အရ အဆိုပါနေရာသို့သွားရောက်ရှာဖွေခဲ့ကြပါသည်။
ထိုသို့ လိုက်လံရှာဖွေရာ ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် လိုက်လံရှာဖွေသူများအနက် ၅ ဦးမှာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ထောင်ထားသောမိုင်းကို နင်းမိခဲ့ကြောင်း ဦးချန်ကီယန်း၏တူ ဦးဇဗျက်ထောင်းတွင် ဒူးအောက်ပိုင်းခြေထောက်တစ်ဖက်ပြတ်၊ UPC အသင်းတော်မှဆရာပါရှန်းတွင် စိုးရိမ်ရဒဏ်ရာနှင့် ကျန် ၃ ဦးတို့မှာ မစိုးရိမ်ရဒဏ်ရာတို့ရရှိခဲ့ကြပြီး ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေး ကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။
မိုင်းထိခိုက်မှုမရှိသော ကျန်ရှာဖွေသူများက ဆက်လက်ရှာဖွေကြရာ ဦးချန်ကီးယန်မှာလည်း ယမန်နေ့ ညတွင်မိုင်းနင်းမိပြီး သေဆုံးနေသည်ကို့ တွေ့ရှိရပြီး ၎င်း၏ရုပ်အလောင်းကို နေအိမ်သို့ ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း သတင်းရရှိပါသည်။