ဇွန် ၁၇
ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊အောင်လံခရိုင်၊အောင်လံမြို့နယ် ရွှေပန်းတောအခြေစိုက် အင်းလယ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် ရွှေပန်းတောကျေးရွာမှ အင်းလည်ကျေးရွာသို့ဆိုင်ကယ်ဖြင့်အပြန် အရပ်အခေါ် ပေါက်ပင်ကွင်းနေရာတွင် PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့က ဓားဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးမြင့်ဦးသည် သေနတ်ဒဏ်ရာ ၂ ချက်၊ ဓါးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ အခင်းနေရာအနီးမှ ၉ မမ ကျည်ဆံ နှစ်တောင့်နှင့် ကျည်ခွံ ၃ ခု တွေ့ရှိခဲ့ရကြောင်း၊ လမ်းသွားလမ်းလာများမှတွေ့ရှိသဖြင့် နယ်မြေခံ လုံခြုံရေးအဖွဲ့သို့ သတင်းပေးပို့ခဲ့ကြောင်း၊ ဦးမြင့်ဦးမှာ ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးအမှု့ဆောင် တစ်ဦးဖြစ် ကြောင်း သတင်းရရှိပါသည်။
PDF အမည်ခံလူသတ်အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ယခုလို ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း သိရပါသည်။
#PAN