(ပြည်တွင်း)မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာအုပ်စု၊ ရွှေပြည်ကျေးရွာ နယ်မြေလှုပ်ရှားရဲကင်းစခန်းအား ယမန်နေ့ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့မှ ရဲကင်းစခန်း၏ အရှေ့ဖက်အနီးမှ နေရာ ယူ၍ လက်လုပ် ROCKET ရှော့ပြောင်း ၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ROCKET ရှော့ပြောင်း ဗုံးသည် နယ်မြေလှုပ်ရှားရဲကင်းစခန်း၏ ဝင်းအား ကျော်ကာ ရဲကင်းစခန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ကျေးရွာဆေးပေးခန်း ဝန်းအတွင်း ကွင်းပြင်ထဲသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် လူ/အဆောက် အဦး တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိကြောင်းသိရသည်။
ယင်း အကြမ်းဖက်အဖွဲ့များ ရှော့ပြောင်း ပစ်ခတ်သည့်နေရာသို့ ရွှေပြည်ကျေးရွာတွင် အခြေပြုရောက်ရှိနေသော နယ်မြေခံတပ်မတော် လှုပ်ရှားစစ်ကြောင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်အကြမ်း ဖက်အဖွဲ့မှ ထပ်မံပစ်ခတ်မှုများ မရှိကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews/22698