ဆင်ဘိုမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ရွာများတွင် အကြမ်းဖက် KIA/PDF အဖွဲ့မှ တပ်သားသစ်များ အဓမ္မဖမ်းဆီးစုဆောင်းနေ


မေ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အတွင်းရှိ အကြမ်းဖက် KIA/PDF တို့ထိန်းချုပ်ထားသည့် ဆင်ဘိုမြို့တွင် မြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးလက်ရွာများတွင် ၎င်း အကြမ်းဖက် KIA/PDFအဖွဲ့တို့က လူသစ်ကောက်ခံမှုများ အဓမ္မလုပ်ဆောင်နေကြောင်း သိရသည်။

လူသစ်စုဆောင်းခြင်းကို အများအားဖြင့် ညအချိန်များတွင် ကျေးလက်ရွာများ၌ တပ်သားသစ်စုဆောင်းမှုများကို ယခုရက်ပိုင်းအတွင်း ပိုမိုပြုလုပ်လာနေကြောင်း သိရသည်။ မေလ ၈ ရက်နေ့ညက ဆင်ဘိုမြို့ ၊ ညောင်ပင်သာကျေးရွာတွင် အကြမ်းဖက် KIA/PDF တို့သည် ၎င်းတို့ တပ်ဖွဲ့ဝင်များနှင့် တစ်အိမ်တက်ဆင်း စစ်သားစုဆောင်းမှုများပြုလုပ်ခဲ့ရာ လူငယ် ၂၀ ဦး ထက်မနည်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံနေရပြီး၊ ရှမ်းနီရွာများတွင် တစ်ရွာလျှင် တပ်သားသစ် ၅ ဦးတောင်းခံနေကြောင်း၊ မေလ ၈ ရက်နေ့မှ ယမန်နေ့ထိ အဓမ္မဖမ်းဆီးခြင်း ခံနေရကြောင်း၊ စစ်သားသစ်စုဆောင်းခြင်းခံနေရသည့် ဆင်ဘိုအထက်ကျေးရွာအုပ်စုများမှာ နောင်ဖွဲ၊ နယ်ခြား၊ ကျွန်းဦး၊ မံဖွား၊ ညောင်ပင်သာ စသည့်ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်တွင် အကြမ်းဖက် KIA/PDF အဖွဲ့တို့မှ ဒေသတွင်းလူငယ်အရွယ်များကို အတင်အားဓမ္မတပ်သားသစ်စုဆောင်းပြီး တိုက်ပွဲများတွင် တပ်သားသစ်လူငယ်များကို ရင်း၍ စစ်ရေး ပုံဖော်လာသဖြင့် ဒေသတွင်းရှိပြည်သူများက အကြမ်းဖက်အဖွဲ့၏ လူသားတံတိုင်း စစ်ရေးပုံဖော်နေမှုကို ရွံရှာမုန်းတီးလာနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22640

PAN

KWN #SZ