မရမ်းကုန်းမြို့နယ်ရှိ PAL Hotel တွင် တရုတ်နိုင်ငံသား ၉ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦးတို့အား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်း/ငွေကြေးများနှင့်အတူ ဖမ်းဆီးရမိ


မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ သီရိမွန်အိမ်ယာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel တွင်ရှိ လောင်းကစားဝိုင်းများအား မေလ ၁၀ ရက်နေ့ နံနက် ၁ နာရီ ၃၀ အချိန်ခန့်တွင် သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါဟိုတယ် ဒုတိယထပ်တွင် လောင်းကစားဝိုင်း တည်ထောင်၍ စီမံခန့်ခွဲ လုပ်ကိုင်နေသူ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ လောင်းကစားဝိုင်း၌ အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုး သမီး ၂၄ ဦးနှင့် လောင်းကစား လာရောက်ကစားသူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄၇ ဦးတို့အား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘူကြီးလောင်းကစားခုံ (၅)ခုံ၊ ပဲကြားလော့ လောင်းကစားခုံ (၂)ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ(၁)ခုံ၊ ငါးပစ်ဂိမ်း လောင်းကစားခုံ (၁)ခုံ၊ ဖဲထုတ် (၂၅၄)ထုတ်၊ ငွေကျပ် ငါးရာမှ သိန်းတစ်ရာထိပါ တုံကင်ပြားများ၊ လက်ကိုင်ဖုန်း (၃၈)လုံး၊ လက်တော့ (၂)လုံး၊ Tablet (၁)လုံး၊ All in one ကွန်ပျူတာ (၁)လုံး၊ လောင်းကစား ပြုလုပ်ရာတွင် ငွေအလွှဲ/အပြောင်း ပြုလုပ်ရာ၌ အသုံးပြသည့် Bank Account နံပါတ်များ ရေးသားထားသည့် ကဒ်ပြား (၁)ခု၊ ဖဲချပ်ဖျက်စက်(၁)လုံး၊ ငွေရေတွက်စက်(၁)လုံး၊ CCTV Recorder (၁)လုံး၊ လောင်းကြေးငွေ (၃၀၁)သိန်းကျပ်၊ ကား(၁၇)စီးတို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား(၈)ဦး၊ အမျိုးသမီး (၁)ဦး၊ ဝင်းမြင့်ထွန်း ပါ မြန်မာနိုင်ငံသား အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၂၇)ဦး စုစုပေါင်း (၄၇)ဦးတို့ အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

VK Link>>…
https://vk.com/wall-220066330_6337

Telegram>>…
https://t.me/positiveanglenews/22502?single

PAN

SZ