(ပြည်တွင်း)ဧပြီ ၂၆
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စု၊ ထွယ်ဆန်ယာန်၊ အူရာယာန် ကျေးရွာတို့၌ မည်သည့်အဖွဲ့အစည်း၏ ခွင့်ပြုချက်ကြောင့်ဖြင့် ရွှေတူးခွင့်ပြုထားသည်ကို မသိရသည့် အပြင် လက်ရှိကျေးရွာရှိ ဒေသခံတောင်သူများက ၎င်းတို့အပိုင်မြေများအတွင်း အခြားဒေသမှ လုပ်ငန်းရှင်များက တစ်စုံတစ်ရာခွင့်ပြုချက်ရယူခြင်းမရှိဘဲ ရွှေတူးများဖော်နေကြောင်း သိရှိရသည်။
ယခင်က အစိုးရဋ္ဌာန၏ခွင့်ပြုချက်ဖြင့်လုပ်ကိုင်စဉ်ကထက် ယခု KIO ၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်သည်ဟုဆိုသဖြင့် အသက်အန္တရာယ်အတွက် မတားဆီနိုင်ဘဲဖြစ်နေရာ ယခုနှစ် ထိုကျေးရွာများ၌ ရွှေ၀င်ရောက်လုပ်ကိုင်သည့် အဖွဲ့အရေအတွက် ပိုမိုများပြားလာပြီး ယခုနစ်တွင် ဒေသခံတောင်သူတို့အနေဖြင့် စပါးစိုက်ပျိုး နိုင်ရန်ပင် မသေချာတော့ကြောင်း၊ ယခင်နှစ်က လည်း ဒေသခံတို့၏ လယ်ကွက်များတွင်း မြေစာ၀င်ရောက်ပြီး သဲများဖုံးလွှမ်းသွားခြင်းများကြောင့် စပါးစိုက်ပျိုး၍မရသည့်ပြဿနာများကြုံတွေ့ခဲ့ရခြင်းမျိုးရှိခဲ့ရာ ယခုနှစ်တွင် ယခင်ကထက်ပင် ပိုမိုစိုးရွားသည့် ပြဿနာများကြုံတွေ့လာနိုုင်သောကြောင်း ဒေသခံပြည်သူများ စိတ်မသက်မသာဖြစ်နေရသည်ဟု ဒေသခံများထံမှ သိရှိရပါသည်။
Telegram»…
https://t.me/positiveanglenews/22034?single