ကျောင်းအချိန်ဇယားတွင် စာဖတ်ချိန် ထည့်သွင်းသင်ကြားစေမည်


(ပြည်တွင်း)ဧပြီ ၂၅

ကျောင်းအချိန်ဇယားတွင် စာဖတ်ချိန် ထည့်သွင်းသင်ကြားစေမည်


(ပြည်တွင်း)ဧပြီ ၂၅

အခြေခံပညာကျောင်းတွေမှာ စာသင်ကြားရုံသာမက အားကစားချိန်မှာ အမှန်တကယ် အားကစားပြုလုပ် ကြဖိုနဲ့ ကျောင်းစာကြည့်တိုက်မှာစာဖတ်ဖို့ကို အချိန်ဇယားမှာ ထည့်သွင်းရေးဆွဲ ကျင့်သုံးရမှာဖြစ်တယ်လို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ပြောကြားခဲ့ပါတယ်။

ဧပြီလ ၂၃ ရက်များရှိ နေပြည်တော်မှာပြုလုပ်တဲ့ တက္ကသိုလ်ပါမောက္ခချုပ်တွေ၊ ပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ် ပညာရေးမှူးတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကျောင်းကစာကြည့်တိုက်တွေမှာ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတတွေရရှိပြီး အကျိုးရှိထိရောက်တဲ့ စာအုပ် စာတမ်းတွေကို ဖြည့်ဆည်းပေးထားရမှာဖြစ်သလို ကျောင်းတွေမှာ အားကစားပြိုင်ပွဲတွေ ကျင်းပပေးဖို့ လိုအပ်တယ် လို့ဆိုပါတယ်။

Telegram»…
https://t.me/positiveanglenews/22011

PAN