ထိုင်းမြေမှာ ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်ရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်


(အားကစား) ဧပြီ ၂၅

ထိုင်းလိဂ် -၂ ရာသီသိမ်း ပွဲစဉ်မှာ အသင်းအတွက် ချန်ပီယံဆုဖလား ရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းရဲ့ ချန်ပီယံဆုဖလားကို မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန် က ကိုင်မြှောက်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

နာခွန်ရှီးမားအသင်းဟာ ဧပြီလ ၂၀ ရက်မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ပွဲစဉ်မှာ နောင်ဘူရာအသင်းကို သုံးဂိုးပြတ်နဲ့ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန် ဟာ ထိုင်းလိဂ်ပွဲများမှာ ကျော်ကိုကို၊ အောင်သူ၊ မောင်မောင်လွင်တိုပြီးပါက အသင်းအတွက် ချန်ပီယံဆုရရှိခဲ့တဲ့ လေးယောက်မြောက် မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

အောင်ကောင်းမာန် ဟာ ထိုင်းလိဂ်-၂ အသင်းဖြစ်တဲ့ နာခွန်ရှီးမားအသင်းကို ထိုင်းလိဂ် – ၁ သို ပိုဆောင်ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။

အောင်ကောင်းမာန် ဟာ အသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး၊ ဂိုးဖန်တီးပေးနိုင်မှု အများဆုံးစွမ်းဆောင် ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews/22009?single

PAN