ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော်ကို ရေတပ်သင်္ဘောနှင့်နေရပ်ပို့


(ပြည်တွင်း)ဧပြီ ၂၅

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်တွင် အကျင်းကျခံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးအား တပ်မတော်၏ ရေတပ်စစ်သင်္ဘောနှင့်တင်ဆောင်ပြီး ဧပြီ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင် များထံ လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး၏ ထုတ်ပြန်ချကင်အရ စစ်တွေအကျဉ်းထောင်၌ အကျဉ်းကျခံနေရသူ ၁၄၄ ဦးနှင့် တရားရင်ဆိုင်နေရ သူ ၂၉ ဦးကို ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးက ထုတ်ပြန်သည်။

ပြန်ပို့ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၁၇၃ ဦးအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ခရိုင်မှ ၁၂၉ ဦး၊ Bandarban ခရိုင်မှ ၃၀ ၊ Rangamati ခရိုင်မှ ၇ ဦး၊ ခါဂရာချာရီခရိုင်၊ နိုခါလီခရိုင်၊ နာရာယန်ဂန် ဂျခရိုင်၊ ချတ်တိုဂရမ်ခရိုင်၊ ရာဂျ်ဘာရီခရိုင်၊ နာရှင်ဒီခရိုင်နှင့် နီလ်ဖာမာရီခရိုင်တို့မှ ၁ ဦးစီ ပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင်ရှိသည့် ဘင်္ဂလားဒေ့ရှ်သံရုံးတာဝန်ခံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်ရုံးက ကိုယ်စားလှယ်များသည် စစ်တွေမြို့၌ လူချင်းတွေ့ဆုံကြပြီး နှစ်နိုင်ငံ ကြား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews/21998

PAN