KIA ပစ်ခတ်သည့်လက်နက်ကြီး ကျည် ခါနန်ရပ်ကွက် မန္တလေးပရိယတ္တိစာသင်တိုက်အတွင်း ကျရောက်ပေါက်ကွဲ

(ပြည်တွင်း)ဧပြီ ၂၄

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တပ်မတော်နှင့် ကချင်အကြမ်းဖက်သောင်းကျန်းသူ KIA /PDF အဖွဲ့ တို့ကြား စစ်ရေးတင်းမာနေရာမှ ယနေ့ ဧပြီ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီချိန်ခန့်တွင် မြို့အတွင်း၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ ညနေ ၅ နာရီချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး KIA ​အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်ကြီးကျည်များ ခါနန်ရပ်ကွက်ရှိမန္တလေးပရိယတ္တိစာသင်တိုက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မန္တလေးပရိယတ္တိစာသင်တိုက်၏ မျက်နှာကြက်နှင့် သွပ်အမိုးများ ထိခိုက်ပျက်စီးခဲ့မှုများရှိခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့အတွင်းရှိ တရုတ်ဘုံကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် စာသင်ကျောင်းများအပါအဝင် မြို့အနှံ့ လမ်းများပိတ်ကာ တပ်မတော်မှ လုံခြုံရေးလုပ်ဆောင်နေကြောင်း ဒေသခံများထံကသိရှိရပါသည်။

#PAN