ဒရုန်းဖြင့်လာတိုက်သည့် KIA ကိုစစ်ကြောင်းမှပစ်ဖြစ်၍ ၁၅ မိနစ်ခန့်တိုက်ပွဲဖြစ်

(ပြည်တွင်း)ဧပြီ၂၄

ကချင်ပြည်နယ် ရွှေကူမြို့ အမှတ်(၃)ရပ်ကွက် ဆိုင်းကုန်းရပ်ရှိ မြိုင်သာယာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော တပ်မတော်စစ်ကြောင်းကို ကချင်အကြမ်းဖက်သောင်းကျန်းသူ KIA/PDFအဖွဲ့က ဒရုန်းဖြင့် ဒလော့ဖ် ဗုံးချကာတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ကချင်ပြည်နယ် အကြမ်းဖက်သောင်းကျန်းသူ KIA/PDFအဖွဲ့က ဒရုန်းဖြင့်လာရောက်တိုက်ခိုက်သည့်အတွက် စစ်ကြောင်းမှ တပ်ဖွဲ့၀င်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့်ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း နှစ်ဘက်ထိခိုက်သေဆုံးဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။

#PAN