အစမ်းလေ့ကျင့်နေသည့် မလေးရှားရေတပ် ရဟတ်ယာဉ်နှစ်စီး လေပေါ်တွင် တိုက်မိ


(နိုင်ငံတကာ) ဧပြီ ၂၃

တော်ဝင်မလေးရှားရေတပ်စစ်ရေးပြအခမ်းအနားအတွက် အစမ်းလေ့ကျင့်နေသည့် ရေတပ်ရဟတ် ယာဉ်နှစ်စီး ယနေ့ ဧပြီ ၂၃ ရက် မနက်ပိုင်းက လေပေါ်တွင် အချင်းချင်းတိုက်မိကြပြီး လူ၁၀ ဦးသေဆုံးခဲ့ကြောင်း မလေးရှားရေတပ်က သတင်းထုတ်ပြန်ထားသည်။

ဧပြီ ၂၃ ရက် မနက် ၉နာရီ ၃၂မိနစ်မှာ မလေးရှားနိုင်ငံ အနောက်ပိုင်း ပါရက်ပြည်နယ်မှာရှိတဲ့ လမ်မတ် ရေတပ်အခြေစိုက်စခန်းမှာ အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်နှစ်စီးလုံးမှာ လိုက်ပါလာသူ ၁၀ဦး စလုံးသေဆုံးသွားကြောင်း မလေးရှားရေတပ်မှပြောသည်။

လေယာဥ်ပေါ်တွင်လိုက်ပါလာသည့် ၁၀ ဦးလုံးမှာ အခင်းဖြစ်တဲ့နေရာတွင်ပင် သေဆုံးသွားကြောင်းသိရသည်။

သူတို့ကို လမ်မတ်စစ်ဆေးရုံကို ဘယ်သူဘယ်ဝါသတ်မှတ်အတည်ပြုဖို့ ပို့ဆောင်ပေးလိုက်ပြီဖြး်ကြောင်း မလေးရှားလေတပ်ထံက သိရသည်။

Telegram>>…
https://t.me/positiveanglenews/21935

PAN