မြန်မာလက်ရွေးစင်ဖူဆယ်အသင်းတရုတ်အသင်းကို အနိုင်ရရှိ


ဧပြီ ၂၂

ဧပြီလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ကို မြန်မာလက်ရွေးစင် ဖူဆယ်အသင်းနှင့် တရုတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းပွဲချိန်အပြီးမှာ မြန်မာအသင်းက သွင်းဂိုးနှစ်ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး တရုတ်အသင်းက ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲပြီးဆုံးချိန်မှာ မြန်မာအသင်းက တစ်ဂိုးထပ်မံသွင်းယူကာ သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အုပ်စု(က)အဆင့်ယှဉ်ပြိုင်ရာမှာ မြန်မာအသင်းအနေနဲ့ ဗီယက်နမ်အသင်းကို တစ်ဂိုးစီနဲ့ သရေကစားနိုင်ခဲ့ပြီး၊ အိမ်ရှင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရာတွင် ၅ ဂိုးပြတ်နဲ့ ရှုးနိမ့်ထားပါတယ်။

မြန်မာ့အသင်းဟာ AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဘောလုံးအဖွဲချုပ်(FIFA)ရဲ့ နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်မှာ အဆင့် (၇၈) မှ (၆၉)သို့ တက်လှမ်းနိုင်ခဲ့ကာ၊ အာရှဘောလုံးအဖွဲချုပ်ရဲ့ နိုင်ငံအလိုက်အဆင့် သတ်မှတ်ချက်မှာလည်း အာရှအဆင့် (၁၈)မှ(၁၅)သို့တက်လှမ်း နိုင်ခဲ့ ကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews/21916

PAN