အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့မှုကို ကာကွယ် ရေးအရာရှိများက အတည်ပြုခဲ့ဟု New York Times ထုတ်ပြန်

ဧပြီ ၂၀

      သောကြာနေ့ နံနက်အစောပိုင်းတွင် အီရန်နိုင်ငံ
အလယ်ပိုင်း Isfahan ရှိ အီရန်လေတပ်ပိုင်ပစ္စည်း
များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစ္စရေးကာကွယ်ရေးအရာရှိနှစ်ဦးနှင့် အီရန်အရာရှိ သုံးဦးတို့က တာဝေးပစ်တိုက်ခိုက်မှုဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆန့်ကျင်ဘက်ဖြစ်နေသည့် သတင်းအချို့ရှိနေပြီး ဂျေရုဆလင်မှ ပိုင်ဆိုင်သည့် တာဝေးပစ် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့မှုအား The
New York Times(NYT) သို့ အတည်ပြုပြောကြားခဲ့သည်။

      အီရန်နိုင်ငံအလယ်ပိုင်း Isfahan၊ ဆီးရီးယားတောင်ပိုင်း As-Suwayda အုပ်ချုပ်ရေးမှူးရုံးနှင့် ဘဂ္ဂဒက်ဒေသနှင့် အီရတ်နိုင်ငံ Babil အုပ်ချုပ်ရေးမှူးရုံး တို့တွင်  သောကြာနေ့ နံနက်အစောပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပေးပို့ပြီးနောက် မကြာမီ သတင်းထွက်ပေါ်လာသည်။

      ထို့နောက် အီရန်သို့ ပစ်မှတ်သည် နျူကလီး ယားမဟုတ်ဟု အမေရိကန်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့ပြီး Isfahan မှ ဗီဒီယိုများ၌ အီရန်လေကြောင်း ကာကွယ်ရေးတပ်များသည် ဧရိယာတစ်လျှောက် ကောင်းကင်ယံတွင် လှုပ်ရှားနေသည်ကို ပြသနေကြောင်း၊ ယမန်နေ့ နံနက်စောက တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်အပေါ် အမေရိကန်အကြီးတန်းအရာရှိတစ်ဦးကလည်း “ကျုပ်တို့ မအံ့ဩပါဘူး၊ အစ္စရေးက အမေရိကန်ကို တိုက်ခိုက်မှုအတွက် ကြိုတင်အကြောင်းကြားထားတယ်လို့ Walla က ပြောနေချိန်မှာ ကျွန်တော်တို့ မအံ့ဩပါဘူး။” ဟု ပြောဆိုကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်န ဝါရီလ၌ အနောက်နိုင်ငံထောက်လှမ်းရေး သတင်းရင်း မြစ်များနှင့် နိုင်ငံခြားသတင်းရင်းမြစ်များ ရောနှောထားသည့် သတင်းရင်းမြစ်က အီရန်မှ ဆန့်ကျင်ပြော ဆိုမှု ရှိနေသော်လည်း Isfahan တွင် အီရန်အား ဒရုန်းဖြင့်တိုက်ခိုက်ခြင်းသည် ကြီးမားသော အောင်မြင်မှု ဖြစ် သည်ဟု Jerusalem Post သို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

      ယမန်နေ့ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး Isfahan အရှေ့ဘက်နှင့် Isfahanအပြည်ပြည်ဆိုင်ရာလေဆိပ်အနီး Qahjavarestan ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့မှုကိုအီရန်အစိုးရ တစ်ပိုင်း Fars သတင်းအေဂျင်စီက သောကြာနေ့တွင် ဖော်ပြခဲ့ကာ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ယခုအချိန်အထိ မသိရဟု
ပြောကြားခဲ့သည်။ မောင်းသူမဲ့လေယာဉ်ငယ်များ
ကို တုံ့ပြန်သည့်အနေဖြင့် Isfahan မြို့အနီးတွင်
လေကြောင်းရန်ကာကွယ်ရေးများ လုပ်ဆောင်နေ
သည်ဟု Fars နှင့် အခြားအီရန်သတင်းဌာနများကဖော်ပြခဲ့သည်။ အီရန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Tabriz ၌ သံသယဖြစ်ဖွယ် အရာဝတ္ထုတစ်ခုကိုတွေ့ရှိပြီးနောက် သောကြာနေ့နံနက်တွင် အီရန်လေကြောင်းရန်ကာကွယ်ရေးတပ်များကို စတင်လုပ်ဆောင်ခဲ့သည်ဟု Fars မှပြောကြားခဲ့သည်။

       Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ အစ္စရေးတာဝန်ရှိသူများသည် လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ထားမှုကို အစ္စရေးတာဝန်ရှိသူများက ကြာသပတေးနေ့တွင် အမေရိကန်ထံ အကြောင်း ကြားခဲ့သည်ဟု ဆိုသည်။ ဆီးရီးယားတောင်ပိုင်း As-Suwayda နှင့် Daraa Governorates ရှိ ဆီးရီးယားစစ်တပ်ပိုင် နေရာများ ၌လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခံခဲ့ရသည် ဟု သောကြာနေ့နံနက်ပိုင်း ဆီးရီးယားသတင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒေသတွင်း
သတင်းဆိုက် As-Suwayda24 ၏အဆိုအရ ဆီးရီးယားနိုင်ငံတောင်ပိုင်း Daraa ရှိ Qarda နှင့် Izraa ကြားရှိ ဆီးရီးယားစစ်တပ်ပိုင် ရေဒါစခန်းများကို လေ ကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

       အီရတ်ရှိ Erbil နှင့် Mosul တို့တွင် နေထိုင်သူများက သောကြာနေ့ နံနက်အစောပိုင်းတွင် တိုက်လေယာဉ် များ၏ အသံများ ကြားနေရမှုကို သတင်းပေးပို့ခဲ့ပြီး ပျံသန်းမှု ခြေရာခံသူများက Emirati လေကြောင်းလိုင်းများအပါအဝင် အီရန်သို့ ဦးတည်သွားသော လေကြောင်းခရီးစဉ်အများအပြားသည် ၎င်းတို့ မူလလမ်းကြောင်းများမှ လမ်းကြောင်း ပြောင်းလဲသွားခဲ့မှုအား ပြသခဲ့သည်ဟု ဆိုသည်။

      Tehran Isfahan နှင့် Shiraz သို့ သောကြာ နေ့ နံနက်ပိုင်းအထိ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်း ထားမှုကို အီရန် Mehr သတင်းအေဂျင်စီက ဖော်ပြခဲ့ပြီး ယခုအခါ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

      အစ္စရေး၏ ဒုံးကျည်တိုက်ခိုက်မှုကို သတင်းရရှိပြီးနောက် မကြာမီတွင် ဖလော်ရီဒါ အထက် လွှတ်တော်အမတ် Marco Rubio က “အစ္စရေးသည် ဆီးရီးယားနှင့် အီရတ်လေပိုင်နက်များမှ အီရန်လေပိုင်နကအတွင်းသို့ မဝင်ရောက်ဘဲ အီရန်အတွင်းရှိ ပစ်မှတ်များကို လေယာဉ်များက တိုက် ခိုက်နိုင်စွမ်းရှိပါသည်” ဟု X တွင် ရေးသားထားသည်။

     အစ္စရေးက ၎င်းကို အီရန်မှ စနေနေ့ည ပြုလုပ်ခဲ့ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုအား တုံ့ပြန်မည်ဟု ကတိပြုထားပြီးနောက် ပေါက်ကွဲမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုမှန်သမျှကို ပြင်းထန်ပြီး လျင်မြန်စွာ တုံ့ပြန်သွားမည်ဟု အီရန်အရာရှိများက မကြာသေးမီရက်ပိုင်းက သတိ ပေးထားခဲ့သည်။

    အီရန်သည် အစ္စရေးကို လက်တုံ့ပြန်ရန် အစီအစဉ် မရှိဟု သတင်းရင်းမြစ်များ ပြောကြားပြီးနောက်နာရီအနည်းငယ်အကြာတွင် အစ္စရေးက အီရန်မြေကို တိုက်ခိုက်ခဲ့သည်ဟု အီရန်အကြီးတန်းအရာရှိတစ်ဦးမှ ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ “ဖြစ်ရပ်ရဲ့ နိုင်ငံခြားရင်းမြစ်ကို အတည်မပြုနိုင်သေးပါဘူး။ ပြင်ပတိုက်ခိုက်မှုကို ကျွန်တော်တို့ မရရှိခဲ့ပါဘူး၊ ဆွေးနွေးမှုဟာ တိုက် ခိုက်မှုထက် စိမ့်ဝင်မှုဆီ ဦးတည်နေပါတယ်” ဟု အမည်မဖော်လိုသည့် အီရန်အရာရှိက ပြောကြား ခဲ့ကြောင်း သိရပါသည်။

     အစ္စရေးက အီရန်မြေကို တိုက်ခိုက်ခဲ့သည်ဟု
သတင်းရင်းမြစ်များမှ ပြောကြားခဲ့ပြီးနောက် အီရန်အရေး လေ့လာနေသူ တစ်ဦးသည် Isfahan ၌ လေကြောင်းရန်ကာကွယ်ရေးတပ်များ၏ ပစ်ချခံရသည့် Mini Drone များကို အီရန်နိုင်ငံအတွင်း စိမ့်ဝင်သူများဖြင့် မောင်းနှင်ပျံသန်းခဲ့သည်ဟု အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားသို့ ယမန် နေ့က ပြောကြားခဲ့သည်။

    အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ
(IAEA) က အီရန်နျူကလီးယား စခန်းများကို အစ္စရေးက တိုက်ခိုက်မှုတွင် ထိခိုက်မှုမရှိဟုသောကြာနေ့တွင် အတည်ပြုခဲ့သည်။ အေဂျင်စီသည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေ ပြီး ဘက်ပေါင်းစုံမှ ထိန်းချုပ်မှုများ ပြင်းထန်စွာပြုလုပ်ရန် တောင်းဆိုထားကာ နျူကလီးယား စက်ရုံများသည် စစ်ရေးပဋိပက္ခများတွင် ပစ်မှတ်မဖြစ်သင့်ဟု အလေးပေး ပြောကြားထားမှုအား X Post တွင်ဖော်ပြထားသည်။

      New York Times ၏ သတင်းရင်းမြစ်များက အစ္စရေးကို ရည်ညွှန်းသော အီရန်ရှိ Isfahan ကို တိုက်ခိုက်ခြင်းသည် Isfahan ၌ အီရန်လေတပ်၏ ပိုင်ဆိုင်မှုများကို ထိမှန်ခဲ့သည်ဟု ဂျေရုဆလင်ပို့စ်သို့ အတည်ပြုပြောကြားခဲ့သည်။ “မင်းရဲ့ နျူကလီးယားဆိုက်တွေကို ဒီတခေါက်မှာ မထိဖို့ ရွေးချယ်ခဲ့ပေမယ့် ဒီနေရာက ပိုဆိုးသွားနိုင်တယ်”ဝု သတင်း စကားပေးပိုမှုမှာ သံသယဖြစ်ဖွယ်မရှိဟု သတင်းရင်းမြစ်များက ဂျေရုဆလင်ပို့စ်သို့ ပြောကြားခဲ့သည်။ တစ်နည်းဆိုရသော် Isfahan တွင် တိုက်ခိုက်မှုသည် အီရန် ကို ထိခိုက်စေရုံသာမက ၎င်း၏နျူကလီး ယားနေရာများကို တိုက်ခိုက်ရန် မည်ကဲ့သို့ ထိခိုက်လွယ်ကူမှု ရှိနေသည်ကို သိသာထင်ရှားစေရန်လည်း ပုံစံထုတ်ထားသည်ဟု ဆိုသည်။ တီဟီရန်၏ ရေဒါထောက်လှမ်းနိုင်စွမ်းကို ရှောင်ရှားရန် လေယာဉ်များမှ တာဝေးပစ်ဒုံးကျည်များကို အသုံးပြုခဲ့ကြပြီး ၎င်းကို အချိန်မရွေး ထပ်မံလုပ်ဆောင်နိုင် သည်ကို ပြသထားသည်။

     တစ်ချိန်တည်းတွင် Isfahan ရှိ အမှန်တကယ်
နျူကလီးယား နေရာဖြစ်စေ Natanz နှင့် Fordow ရှိ အခြားနျူကလီးယား နေရာများကိုဖြစ်စေ မတိုက်ခိုက်ခဲ့ခြင်းမှာ တိုက်ခိုက်သူသည် ပြင်းထန်သောဒေသတွင်းစစ်ပွဲ ဖြစ်ပွားနိုင်မှုကို ရှောင်ရှားထားမှုအား အီရန်သို့ အချက်ပြထားသည်ဟု ဆိုသည်။ ၎င်းသည် လွန်ခဲ့သည့် သီတင်းပတ်ကုန်က ဂျူးနိုင်ငံကို ဝေဟင်မှ ခြိမ်း ခြောက်မှု ၃၅၀ ဝန်းကျင်ကို အစ္စလာမ္မစ်သမ္မတနိုင်ငံ မှ ပစ်လွှတ်လိုက်ပြီးနောက် အနာဂတ်အတွက်အကောင်း ဆုံး ခြိမ်းခြောက်ရန် ပုံစံထုတ်ထားသည့် အလယ် အလတ်အဆင့် တိုက်ခိုက်မှု တစ်ခုလည်းဖြစ်သလို အီရန်မှ တုံ့ပြန်တိုက်ခိုက်လာနိုင်သည့် အဆင့်ကို လျှော့ချထားခြင်းလည်းဖြစ်ကြောင်း သိရသည်။

      အီရန်သည် ၎င်း၏ နျူကလီးယားအစီအစဉ် ရှေ့ ဆက် မသွားရန် ရပ်ဆိုင်းခြင်းနှင့် ပြီးခဲ့သော သီတင်း ပတ်ကုန်က အစ္စရေးအပေါ် ၎င်း၏ တိုက်ခိုက်မှအတိုင်း ထပ်မံပြုလုပ်ခြင်းမှ ဟန့်တားခြင်း နှစ်ခုစလုံးသည် စစ်ပွဲကြီးတစ်ခုအဖြစ်သို့ တိုးမြင့်လာမှုကို ရှောင် ရှားခြင်းများ ပြုလုပ်မှုအလုပ်ဖြစ်၊ မဖြစ် လာမည့်ရက်များနှင့် ရက်သတ္တပတ်များအတွင်း ထွက်ပေါ်လာမည်ဖြစ်သည်ဟု သိရပါသည်။

#PAN