တရားပွဲမှ ပြန်လာသောရာအိမ်မှူးနှစ်ဦးအား အကြမ်းဖက် PDFများမှ ရေတာရှည်ရဲစခန်းနှင့် ၄ ဖာလုံအကွာတွင် လုပ်ကြံသတ်ဖြတ်ခဲ့


(ပြည်တွင်း) ဧပြီ ၂၀

ဧပြီလ ၁၉ ရက်နေ့ည ၁၁ နာရီ ၅၀ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့မရဲစခန်းနှင့် (၄)ဖာလုံခန့်အကွာ ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ကဲလင်းကုန်းကျေးရွာ၊ ကရင်ချောင်းလမ်းမပေါ်အတက်တွင် သေနတ်သံများကြားရသဖြင့် လုံခြုံရေးအဖွဲ့တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ကရင်ချောင်းလမ်းမဘေးတွင် နတ်စင်ကုန်းကျေးရွာရာအိမ်မှူး ဦးနိုင်အောင်ဇင်၊ ကဲလင်းကုန်းကျေးရွာရာအိမ်မှူး ဦးသောင်းနိုင်ဦး(ခ) ဦးဝင်းတင်တို့ ၂ ဦးသည် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ ခဲ့ရသည်။

ဖြစ်စဥ်အား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဦးနိုင်အောင်ဇင်၊ ၄၉ နှစ်၊ ရာအိမ်မှူး၊ နတ်စင်ကုန်းကျေးရွာ၊ ဘိုးတော်ကုန်းကျေးရွာ အုပ်စုနေသူနှင့် ဦးသောင်းနိုင်ဦး (ခ)ဦးဝင်းတင်၊ ၄၅ နှစ်၊ ရာအိမ်မှူး၊ ကဲလင်းကုန်းကျေးရွာ၊ ဘိုးတော်ကုန်းကျေးရွာအုပ်စုနေသူတို့ ၂ ဦးတို့သည် ကဲလင်းကုန်းကျေးရွာ၊ တရားပွဲမှ ဆိုင်ကယ် ဖြင့် ပြန်လာစဉ် ကဲလင်း ကုန်းကျေးရွာလမ်းမှ ကရင်ချောင်းလမ်းမပေါ်အတက်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား ၃ ဦးခန့်မှ လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ရာ ဦးနိုင်အောင်ဇင်တွင် ဦးခေါင်းငယ်ထိပ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးသောင်းနိုင်ဦး(ခ)ဦးဝင်းတင်တွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ၂ ဦးလုံးမှာ အခင်းဖြစ် နေရာတွင်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အခင်းဖြစ်နေရာအနီးတွင် 5.56 ကျည်ခွံ ၄ ခုကို တွေ့ရှိရပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်း စစ်ဆေး အမှုဖွင့်ဆောင်ရွှက်လျှက်ရှိကြောင်း သိရှိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21859?single

PAN