ကုလသမဂ္ဂအဖွဲဝင်အဖြစ် ပါလက်စတိုင်းကို ပါဝင်ခွင့်ပေးရေး ဆုံးဖြတ်ချက်မူကြမ်း ကုလလုံခြုံရေးကောင်စီ မဲခွဲမည်


ဧပြီ ၁၉

ကုလသမဂ္ဂ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပေးရေးအတွက် ပါလက်စတိုင်း၏ အဆိုပြုလျှောက်ထားချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီလ ၁၉ ရက်တွင် မဲခွဲအဆုံးအဖြတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

သိုသော် ယင်းအဆိုပြုလျှောက်ထားချက်ကို လုံခြုံရေးကောင်စီက အတည်ပြုနိုင်ခဲ့ပါက ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုရာ ရောက်လိမ့်မည်ဖြစ်ရာ အစ္စရေး၏ မဟာမိတ်အမေရိကန်နိုင်ငံက ပါလက်စတိုင်း၏ အဆိုပြုလျှောက်ထားချက်ကို ဗီတိုအာဏာဖြင့် ပိတ်ပင်နိုင်ဖွယ်ရှိသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီလ ၁၉ ရက်တွင် မဲခွဲအဆုံးအဖြတ်ယူမည့်ဆုံးဖြတ်ချက်မူကြမ်းတွင် ပါလက်စတိုင်းနိုင်ငံကို ကုလ၌အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပေးရန် အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံရှိ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အကြံပြုထားသည်။

၎င်းဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုနိုင်ရေးအတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံ၏ ထောက်ခံမဲရရှိလိုပြီး အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံဖြစ်သည့် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှားနှင့် တရုတ်တိုက ဗီတိုအာဏာသုံး၍ ပိတ်ပင်ခြင်းမပြုရန်လည်း လိုအပ်သည်။

အယ်လ်ဂျီးရီးယားနိုင်ငံက တင်သွင်းထားသော ကုလသမဂ္ဂ၌ ပါလက်စတိုင်းဝင်ခွင့်ရရေး ဆုံးဖြတ်ချက် မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၃ နိုင်ငံထိ ထောက်ခံမှုပေးနိုင်ဖွယ်ရှိရာ အမေရိကန်နိုင်ငံက ဗီတို အာဏာဖြင့် ပိတ်ပင်နိုင်ခြေများကြောင်း သံတမန်များက သုံးသပ်ထားသည်။

လက်ရှိအချိန်တွင် ပါလက်စတိုင်းသည် ကုလသမဂ္ဂ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်မရသေးဘဲ လေ့လာသူ အဖြစ်သာ ပါဝင်ခွင့်ရထားကြောင်း သိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21823

PAN