အီရန်အပေါ် စစ်ရေးအရ လက်တုံပြန်မှုကို အစ္စရေးနိုင်ငံသား ထက်ဝက်ကျော်က မထောက်ခံဟု စစ်တမ်း တစ်ရပ်ကဆို


ဧပြီ ၁၇

အီရန်အပေါ် စစ်ရေးအရ လက်တုံပြန်မှုကို အစ္စရေးနိုင်ငံသား ၅၂ ရာခိုင်နှုန်းက မထောက်ခံကြောင်းနှင့် တင်းမာမှုများ လျော့ပါးစေရန် လိုလားကြောင်း ဟီဘရူးတက္ကသိုလ်မှ မကြာသေးမီက ကောက်ယူခဲ့သည့် စစ်တမ်း အသစ်တစ်ခုအရ သိရသည်။

၎င်းစစ်တမ်းတွင် ကျန် ၄၈ ရာခိုင်နှုန်းက အစ္စရေးသည် လက်ရှိ ပဋိပက္ခကို တုံပြန် သင့်သည်ဟု စောဒကတက်ခဲ့သည်။

ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးအား အစ္စရေး က ဧပြီလ ၁ ရက်၌ တိုက်ခိုက်ခဲ့မှုအတွက် လက်တုံပြန်သည့်အနေဖြင့် အီရန်နှင့် မဟာမိတ်များက မောင်းသူမဲ့လေယာဉ်နှင့် ဒုံးကျည် များကို အစ္စရေးနိုင်ငံသို ဧပြီလ ၁၃ ရက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၎င်းစစ်တမ်းကောက်ယူမှုတွင် ပါဝင်သူ ၂၈ ရာခိုင်နှုန်းက စစ်ရေးအရ အရေးယူမှုကို ထောက်ခံကြပြီး ၃၄ ရာခိုင်နှုန်း က ဆန့်ကျင်ကြကြောင်း သိရသည်။

အစ္စရေးနိုင်ငံသား ၄၄ ရာခိုင်နှုန်းက ရာဖယ်၌ စစ်ရေးအရ ဆောင်ရွက်မှုအား ထောက်ခံကြရာ အစ္စရေး နိုင်ငံသား ၄၃ ရာခိုင်နှုန်းက ဂါဇာကမ်းမြောင် ပြဿနာကို ပြေလည်အောင်ဖြေရှင်းရာတွင် အစ္စရေးက ၎င်း၏ မဟာမိတ်များကို အားကိုးသင့်သည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

Telegram Link>>…
https://t.me/positiveanglenews/21781

PAN