(ပြည်တွင်း) ဧပြီ ၁၇
ကော့ကရိတ်မြို့အား တပ်မတော်မှ နယ်မြေရှင်လင်းကာ အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ပြီး မြို့ပေါ်နှင့် ရပ်ကွက်များတွင်အခြေပြုထားသည့် KNU/KNLA/PDF များဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
မြို့တွင်းမှ ဆုတ်ခွာသွား အကြမ်းဖက်သောင်းကျန်းသူများသည့် မြို့တွင်းသို့ အဝေးမှနေပြီး ပစ်ခတ်နေကြောင်းသိရသည်။
အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာသွသော်လည်း ကော့ကရိတ်မြို့တွင်း၌ မီးလောင်မှုများဆက်လက်ဖြစ်ပွားနေကြောင်း ကော့ကရိတ်မြို့အား မီးရှို့သည့်အဖွဲ့တစ်ဖွဲ့ရှိနေကြောင်း PAN သတင်းဌာနအား ဒေသခံများမှ ဆက်သွယ်ပြောကြားလာသည်။
ယနေ့ ဧပြီလ ၁၇ နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် ကော့ကရိတ်မြို့ အမှတ် ၂ ရပ်ကွက် ဆေးရုံကုန်းအဆင်းအနီးရှိ နေအိမ်များမီးလောင် နေသည်ကို တွေ့ရှိရကြောင်း ဒေသခံများမှပြောသည်။
“အဖွဲ့တဖွဲ့က နေအိမ်တွေကို ဘာကြောင့်မီးလိုက်ရိူ့နေလဲမသိဘူး၊ မီးရိူ့ခဲ့ပြီးရင်လည်းလုံခြုံရေးအဖွဲ့က မီးရိူ့နေတယ်လို့ သတင်းလွှင့်တယ်။ နယ်မြေ ရှင်းလင်းပြီးဖြစ်လို့ ဒေသခံ မြို့သူမြို့သားတွေ နေအိမ်ကို လာပြန်နေထိုင်ရင် အဲဒီမီးရိူ့တဲ့အဖွဲ့ကိုဖမ်းမိမယ်” ဟု ဒေသခံများမှ PAN သတင်းဌာနကိုပြောသည်။
ကော့ကရိတ်မြို့တွင်းရှိ နေအိမ်များ နေ့စဥ်မီးတောက်လောင်နေပြီး နယ်မြေခံလုံခြုံရေးအဖွဲ့များမှ ငြိမ်းသတ်ပေးရကြောင်း သိရသည်။
Telegram Link>>…
https://t.me/positiveanglenews/21777