သင်္ကြန်ကာလတွင်လည်း ပြည်ပသို့ လယ်ယာထွက်ကုန်များ ပုံမှန်တင်ပို့နေ

ဧပြီ ၁၆

      သင်္ကြန်ရုံးပိတ်ရက်ကာလတွင်လည်း ပြည်ပသို့ လယ်ယာထွက်ကုန်များ ပုံမှန်တင်ပို့နေကြောင်း သိရပါသည်။ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုး တက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေး ပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁၄ ရက်တွင် အပြည်ပြည် ဆိုင်ရာဆိပ် ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း (SPW-6) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2) တို့မှ သင်္ဘော နှစ်စင်းဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၅၁,၀၄၃ တန်တင်ပို့ခဲသည်။

      အလားတူ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-3) နှင့် (MIP-4) ၊ အေရှားဝေါဆိပ်ကမ်း (AWPT-1) နှင့် (AWPT-3) ဆိပ်ကမ်းများတွင်လည်း ရေထွက်ကုန် ပစ္စည်းများ၊ ဆန်၊ ပဲ၊ ပြောင်းတို့ကို သင်္ဘောတင်ဆောင်လျက်ရှိကြောင်း သိရသည်။ 

      ဧပြီလ ၁၅ ရက်တွင် ယခင် ဗိုလ်အောင်ကျော်ဆိပ် ကမ်း (The Myanmar Terminal – TMT) ဆိပ်ကမ်း မှ ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀၊ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၆,၆၀၀ ၊ Yangon International Gateway Terminal (YIGT) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀၊ မင်းထက်မင်းဆိပ်ကမ်း (MHM) ဆိပ် ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ ၊ Wilmer Myanmar Port Terminal (WILMAR) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တို့ကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရပါသည်။

#PAN