ရေနံချောင်းမြို့နယ်တွင် မိသားစုနှင့်အတူရှိနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့်လာရောက်ပစ်သတ်


(ပြည်တွင်း) ဧပြီ ၁၆

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရုံးကုန်းကျေးရွာအုပ်စု၊ ဆည်ကျေးရွာနေအိမ်တွင် မိသားစုနှင့်အတူရှိနေသည့် အုပ်ချုပ်ရေးမှူးကို အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က ရုံးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရာတင်၊ (ဘ)ဦးလှသိန်း၊ (သက်)၅၁ နှစ်သည် အိမ်မှာ မိသားစုနှင့်ရှိနေစဥ် အမည်မသိ ကျား ၆ ဦးခန့်၊ ဆိုင်ကယ် ၄ စီးဖြင့်လာရောက်၍ လက်နက်စိစစ်ဆဲဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ဦးရာတင်တွင် ပါးစပ်ဖောက်၀င်ဒဏ်ရာ ၁ ချက်၊ ၀ဲဘက်ရင်အုံဖောက်၀င်ရာ ၁ ချက်၊ ယာဘက် ရင်အုံ ၁ ချက် ၀ဲဘက်လက်ကောက်၀တ် ၁ ချက် အသီးသီးရ ရှိကာ အခင်းဖြစ်နေရာ၌ သေးဆုံးခဲ့ကြောင်း သိရှိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21740

PAN