ပြင်ဦးလွင်မြို့အား အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံး ၁၈လုံးခန့် ပစ်ခတ် သံဃာများအပါအဝင် ဒေသခံပြည်သူများ သေဆုံးဒဏ်ရာရ

ဧပြီ ၁၅

      မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အား အကြမ်းဖက်သောင်းကျန်းသူများက ယမန်နေ့ည က ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံဃာများအပါအဝင် ဒေသခံပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု သိရပါသည်။

      အကြမ်းဖက်သောင်းကျန်းသူများက ၉ နာရီ ၂၅ မိနစ်အချိန်မှ ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်ထိ ရှော့တိုက်ဒုံး ၁၈လုံးခန့် ပစ်ခတ်ခဲ့ရာ ရှော့တိုက်ဒုံးများမှာ စစ်တက္ကသိုလ် ကျောင်းဝင်းအတွင်း ၅ လုံး၊ ရပ်ကွက်ကြီး(၅)ရှိ ပြင်ဦးလွင် ပြည်သူ့ဆေးရုံဝင်းအတွင်း အရိုးကုသဆောင်ပေါ် ၁လုံး၊ ရပ် ကွက်ကြီး(၆)ရှိ အောင်မြေဇေယျာ ဘုန်းကြီး ကျောင်းဝင်းအတွင်း ၁ လုံး၊ ဆင်လမ်းကျေးရွာ အုပ်စုမှ လူနေအိမ် ၁ လုံးပေါ်သို့ ၁ လုံး၊ ကန်တော်ကြီးပတ်လမ်းရှိ သင်္ကြန်မဏ္ဍာပ်အနီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

       ရပ်ကွက်ကြီး(၅)ရှိ ပြင်ဦးလွင် ပြည်သူ့ဆေးရုံဝင်းအတွင်း အရိုးကုသဆောင်ပေါ် ၁ လုံး ကျရောက် ပေါက်ကွဲမှုကြောင့် ဆေးရုံတက်နေသည့် လူနာ ၆ဦးထိမှန်၊ ၁ဦး စိုးရိမ်ရ၊၅ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သည်။ ရပ်ကွက်ကြီး(၆)ရှိ အောင်မြေဇေယျာ ဘုန်း ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော် ၂ ပါးနှင့် ကပ္ပိယ ကျောင်းသား ၁ ဦး သေဆုံး၊ကိုရင် ၁ ပါး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

      ဆင်လမ်းကျေးရွာအုပ်စုမှ လူနေအိမ် ၁လုံးပေါ် ကျရောက်ပေါက်ကွဲမှုတွင် ထိခိုက်မှု မသိရသေးဘဲ ကန်တော်ကြီးပတ်လမ်းရှိ သင်္ကြန်မဏ္ဍာပ်အနီး ၁ လုံး ကျရောက်ပေါက်ကွဲမှုတွင် ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရပါသည်။

       တပ်မတော် လုံခြုံရေးစစ်ကြောင်းများမှ အကြမ်း ဖက်သောင်းကျန်း သူများ ရှော့တိုက်ဒုံးပစ်ခတ်သည့် ပြင်ဦးလွင်မြို့နယ်၊ဆင်ဖြူအင်းကျေးရွာအုပ်စု၊မီး သွေးဖိုကျေးရွာဘက်သို့ ည တွင်းချင်း လိုက်လံရှင်း လင်းရာ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားပြီး အကြမ်းဖက်သောင်းကျန်းသူ ၅ ဦး အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း ပြင်ဦးလွင်တပ်နယ်နှင့် နီးစပ်သူ ပြည်သူများထံမှ သတင်းပါသည်။

#PAN