ဟောမုဇ်ရေလက်ကြားအနီး အစ္စရေးနှင့်ဆက်စပ်နေသည့် ကုန်တင်သင်္ဘောကို အီရန်ဖမ်းဆီးထား


ဧပြီ ၁၄

အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(အိုင်အာဂျီစီ)၏ ရေတပ်သည် ဟောမုဇ်ရေလက်ကြား အနီး အစ္စရေးနှင့်ဆက်စပ်နေသည့် ကုန်တင်သင်္ဘော တစ်စင်းကို ဖမ်းဆီးထားကြောင်း တရားဝင်သတင်း အေဂျင်စီဖြစ်သည့် အိုင်အာအင်န်အေက ထုတ်ပြန်ထားသည်။

အိုင်အာဂျီစီ ရေတပ်၏ အထူးတပ်ဖွဲ့များသည် ရဟတ်ယာဉ်တစ်စင်းဖြင့် သင်္ဘောပေါ်သို့ဆင်း၍ စစ်ဆင်ရေး လုပ်ဆောင်ပြီးနောက် သင်္ဘောကိုသိမ်းဆည်း ခဲ့ကြောင်း၊ အဆိုပါသင်္ဘောမှာ အီရန်ရေပိုင်နက်ဆီသို့ ဦးတည်ခဲ့ကြောင်း အိုင်အာအင်န်အေက ထုတ်ပြန်ထားသည်။

ယင်းနောက် သင်္ဘော၏ ခြေရာခံစနစ်ကို ပိတ်ထားခဲ့ပြီး အီရန်တပ်ဖွဲ့များက စုံစမ်းမေးမြန်းမှုများကို တုံပြန်ခြင်းမရှိကြောင်း သတင်းများတွင်ဖော်ပြထားသည်။

အိုင်အာဂျီစီတပ်မှူး နှစ်ဦးအပါအဝင် အီရန်နိုင်ငံသားခုနစ်ဦး သေဆုံးခဲ့သည့် ဆီးရီးယားနိုင်ငံ ဒမတ်စကတ် မြို့ရှိ အီရန်သံရုံး၏ ကောင်စစ်ဝန်ဌာနစိတ်ကို ဧပြီလ ၁ ရက်က အစ္စရေးက ဒုံးကျည်များဖြင့် တိုက်ခိုက်မှု လုပ်ဆောင် ခဲ့ပြီးနောက် ၁၂ ရက်အကြာတွင် ယင်းသင်္ဘောကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အီရန်အာဏာပိုင်များက အဆိုပါတိုက်ခိုက်မှုအတွက် အစ္စရေးကို လက်တုံပြန်မည်ဖြစ်ကြောင်း ကတိပြုထားသည်။

Telegram Link>>…
https://t.me/positiveanglenews/21694

PAN