မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ ရုရှားဗဟိုစစ်သမိုင်းပြတိုက်သို သွားရောက်လေ့လာ


ဧပြီ ၁၄

ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် ရုရှားနိုင်ငံသို့ရောက်ရှိနေသာည့် စစ်ဘက် ဆိုင်ရာကိုယ်စားလှယ်အဖွဲ့က ဧပြီလ ၁၂ ရက်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်းပြတိုက် (Central Museum of the Armed Forces of the Russian Federation) သို့ သွားရောက် လေ့လာခဲ့ကြပါတယ်။

ဗဟိုစစ်သမိုင်းပြတိုက်အား လေ့လာရာတွင် ဒုတိယကမ္ဘာစစ်အတွင်း စစ်ပွဲဆိုင်ရာမှတ်တမ်းများနှင့် အောင်ပွဲရ အထိမ်းအမှတ်များပြသထားသည့် Victory Hall၊ ၁၉၄၆ ခုနှစ်မှ လက်ရှိကာလအထိ ရုရှားတပ်မတော်၏ လှုပ်ရှား ဆောင်ရွက်မှု သမိုင်းမှတ်တမ်းများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။

ထိုနောက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ် သို့ ဆက်လက်သွားရောက်ခဲ့ရာ ဗိုလ်လောင်း များအား လေ့ကျင့်သင်ကြား‌ပေးသည့်ဌာနများဖြစ်သော မော်တော်ယာဉ် ဌာန၊ နည်းဗျူဟာဌာန၊ UAV နည်းပညာဆိုင်ရာသင်ကြားပို့ချမှု၊ ဆင်မြူလေတာဖြင့် လက်တွေ့ပစ်ခတ်တိုက်ခိုက် လေ့ကျင့်မှု၊ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ သင်ကြားပို့ချမှုများ၊ ဗိုလ်လောင်းအိပ်ဆောင်နှင့် စာသင်ခန်းများအား လေ့လာကြည့်ရှု ခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၁၃ ရက် နံနက်ပိုင်းမှာ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်၍ သဒ္ဓမ္မဇောတိကာသိမ်တော်၌ ဓမ္မကထိက ဗဟုဇနဟိတဓရ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာ အစ္ဆရိယ၊ လက်ထောက်ကျောင်းထိုင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒမာလာလင်္ကာရ နှင့် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ တရားတော်နာယူကြည်ညိုခြင်း၊ သံဃာတော်အရှင်သူမြတ် တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်များမှ အနုမောဒနာတရား မိန့်ကြား ခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်း ခဲ့ပြီး ၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြိုတွင် ပညာသင်ကြားလျက် ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသားများအား တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21692?single

PAN