မြို့နယ်လျှပ်စစ်ရုံးအနီး မိုင်းထောင်နေသည့် အကြမ်းဖက်သမားတစ်ဦးကိုပစ်ခတ်ဖမ်းဆီး

(ပြည်တွင်း) ဧပြီ ၁၃

ယမန်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ လုံခြုံရေးအဖွဲ့ဝင်များသည် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ မြို့နယ်လျှပ်စစ်ရုံးအနီး မိုင်းထောင်နေသည့် အကြမ်းဖက်သမားတစ်ဦးကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်းသိရသည်။

လုံ‌ခြုံရေးတပ်ဖွဲ့များသည် သတင်းရရှိသည့်နေရာသို့ သွားရောက်ရာ မိုင်းထောင်နေသည့်အကြမ်းဖက်သမား တစ်ဦးကိုတွေ့ရှိ၍ ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် PDF ၁ ဦးအသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီးလက်လုပ်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ အမ် ၂၂ ကျည် ၁၀ တောင့်၊ လျှပ်စစ်စနက်တံ ၁ ချောင်း၊ ဆားကစ်ပြား ၁ ခု၊ ဆေးထိုးအပ် ၄ ချောင်း၊ ဝါယာကြိုး ၂ ချောင်း တို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

NLD ပါတီ၏ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင်ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ ၊သတ်ဖြတ်မှုများနှင့်လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN