၂၀၂၄ အိုလံပစ် ပြေးခုန်ပစ်ကစားသမားများအတွက် ဆုကြေးကြေညာ


ဧပြီ ၁၃

၂၀၂၄ အိုလံပစ် ပြေးခုန်ပစ်ကစားသမားများအတွက် ဆုကြေးကြေညာ


ဧပြီ ၁၃

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပြေးခုန်ပစ်ပြိုင်ပွဲအတွက် ဆုကြေးတွေကို ကမ္ဘာ့ပြေးခုန်ပစ်အဖွဲချုပ်က ဧပြီလ ၁၁ ရက်မှာ အတည်ပြုကြေညာလိုက်ပါတယ်။

ဒါဟာ ၂၀၂၄ အိုလံပစ်အားကစားနည်းတွေထဲမှာ ပြေးခုန်ပစ် အားကစားနည်းက ဆုကြေးကို ပထမဆုံးကြေညာနိုင်တာလည်း ဖြစ်ပါတယ်။

လာမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရတဲ့ ပြိုင်ပွဲဝင်တစ်ဦးစီတိုင်းကို ဆုကြေးငွေ ဒေါ်လာ ၅၀,၀၀၀ ပေးအပ်သွားမှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ၄၈ မျိုးမှာ ရွှေတံဆိပ်ဆုရှင်တွေတွက် ဆုကြေးကို ဒေါ်လာ ၂ ဒသမ ၄ သန်း အထိ ပေးအပ်သွားမှာဖြစ်တယ်လို့ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲချုပ်က ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ လက်ဆင့်ကမ်းပြိုင်ပွဲဝင်အသင်းတွေကတော့ ဆုကြေးကို ခွဲဝေရယူရမှာဖြစ်ပြီး ဒုတိယငွေတံဆိပ်ဆုနဲ့ တတိယကြေးတံဆိပ်ဆုရှင်တွေအတွက် ဆုကြေးပေးအပ်မှုကိုတော့ လာမယ့် ၂၀၂၈ လော့စ်အန်ဂျလိစ် အိုလံပစ် ပြိုင်ပွဲမှာ စတင်ပေးအပ်သွားမယ်လို့ သိရပါတယ်။

ရွှေတံဆိပ်ဆုရတဲ့ ပြိုင်ပွဲဝင်တွေဟာ ဆုကြေးကိုမယူခင်မှာ တားမြစ်ဆေးတိုက်ဖျက်ရေးရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဆေးစစ်မှုတွေကို ကျော်ဖြတ်ရမှာဖြစ် တယ်လို့လည်း ကမ္ဘာ့ပြေးခုန်ပစ်အဖွဲချုပ်ရဲ့ ကြေညာချက်မှာ ရေးသားထား ပါတယ်။

ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ ပြေးခုန်ပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရှင်တွေကို ဆုကြေးအဖြစ် ဒေါ်လာ ၃၇,၅၀၀ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21657

PAN