နှောင့်နှေးခဲ့ရသည့် အာကာသဒုံးပျံတစ်စင်းအား ရုရှားအောင်မြင်စွာလွှတ်တင်


(နိုင်ငံတကာ) ဧပြီ ၁၂

ရုရှားနိုင်ငံသည် လွှတ်တင်ရန် နှောင့်နှေးခဲ့ရသည့် အာကာသ လွှတ်တင်ရေးဒုံးပျံတစ်စင်းအား ဧပြီလ ၁၁ ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်အာကာသအေဂျင်စီက တိုက်ရိုက်ထုတ်ပြန်သည်။

ရုရှား နိုင်ငံသည် Angara-A5 အမည်ရှိ အဆိုပါ အာကာသဒုံးပျံအား ပထမဆုံးအကြိမ်အဖြစ် နိုင်ငံ၏ အရှေ့ဖျားဒေသ၊ အာမာအာကာသစခန်းမှ လွှတ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရုရှားသိပ္ပံပညာရှင်များသည် ယင်းဒုံးပျံများကို ယခု ရက်သတ္တပတ်အတွင်း လွှတ်တင်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း လွှတ်တင်ရေးစနစ်၏ အင်ဂျင် ချွတ်ယွင်းမှုနှင့် အခြားကိစ္စရပ်များကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Angara ဒုံးပျံ အမျိုးအစားသည် အပေါ့စားနှင့်အကြီးစားအာကာသယာဉ်များ အာကာသအတွင်းသို လွှတ်တင်ရာတွင် အသုံးပြု သည့် လွှတ်တင်ရေးဒုံးပျံအမျိုးအစားတစ်ခုဖြစ်သည်။

ရုရှားအစိုးရသည် Angara အမျိုးအစားဒုံးပျံများကို Spectr-UV ကဲ့သို့သော ကမ္ဘာပတ်လမ်း စောင့်ကြည့်ရေးဂြိုဟ်တု၊ ရုရှားအာကာသစခန်းရှိ ဂြိုဟ်တုများအပါအဝင် ပတ်လမ်းအတွင်း အနိမ့်ပျံသန်း နေသည့် ဂြိုဟ်တုများ၌ တပ်ဆင်ရန်‌ ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကာဇက်စတန်နိုင်ငံရှိ ဘိုင်ကိုနော် အာကာသစခန်းအား ရုရှား က အသုံးပြုနိုင်သည့် သဘောတူညီချက်သည် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် ရုရှားအစိုးရ က Angara ဒုံးပျံစီမံကိန်းအား အကောင်အထည် ဖော်နေ ခြင်း ဖြစ်ကြောင်း MT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram Link>>…
https://t.me/positiveanglenews/21621

PAN