ဆော်ဒီစူပါဖလားကို လေးကြိမ်မြောက် ရရှိတဲ့ အယ်လ်ဟီလာ

ဧပြီ ၁၂

ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆော်ဒီစူပါဖလားဗိုလ်လုပွဲစဉ်မှာ အယ်လ်ဟီလာအသင်းက အယ်လ်အစ်တီဟတ်အသင်း ကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရပါတယ်။

ဒီပွဲစဉ်မှာ အယ်လ်ဟီလာအတွက် ဂိုးတွေကို မယ်လ်ကွန် က ၂ ဂိုး၊ အယ်‌လ်ဒေါဆာရီက ၁ ဂိုး၊ ဒေါဆာရီက ၁ ဂိုး အသီးသီးသွင်းယူပေးခဲ့ကြတာဖြစ်ပြီး အယ်လ်အက်တီဟက်အတွက်ချေပဂိုးတစ်ဂိုးကိုတော့ ဟမ်ဒယ်လ်လာက သွင်းပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါဖလားကို အယ်လ်ဟီလာအသင်းက လေးကြိမ်မြောက်အထိရရှိထားကြောင်းသိရပါတယ်။