ဂျိုးဘိုင်ဒင် က ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်း ဆောင်ရွက် မှု တိုးမြှင့်ရန် ဆွေးနွေး


(နိုင်ငံတကာ)ဧပြီ ၁၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါအား ဝါရှင်တန်မြို့တော်ရှိ အိမ်ဖြူတော် ၌ ဧပြီလ ၁၀ ရက်တွင် လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါသည် အမေရိကန်သို့ တရားဝင်အလည်အပတ်ခရီး လာရောက်ခြင်းဖြစ်ပြီး ၎င်း၏ခရီးစဉ်အတွင်း အမေရိကန်နှင့် ဂျပန်နှစ်နိုင်ငံကြား ကာကွယ်ရေးလက်နက်ပစ္စည်းများ ပိုမိုပူးတွဲ ထုတ်လုပ်မည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

အမေရိကန်နှင့် ဂျပန်တို့သည် လက်ရှိတွင် နှစ်နိုင်ငံကြားကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုအတွက် သဘောတူညီချက် ၇၀ ခန့်ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

ယင်းသဘောတူညီချက်များအနက်တွင် ဂျပန် နိုင်ငံအတွင်းရှိ အမေရိကန်စစ်ဌာနချုပ်ဖွဲစည်းပုံကို အဆင့်မြှင့်တင်မည့်အစီအစဉ်လည်း ပါဝင်သည်။ ဂျပန် ဝန်ကြီးချုပ် ကီရှီဒါသည် ဧပြီလ ၁၁ ရက်တွင် အမေရိကန်ကွန်ကရက်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ဂျပန်နိုင်ငံသည် ယခုအခါ အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့မှ အရာရှိတစ်ဦး က ပြောကြားခဲ့သည်ဟု ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram Link>>…
https://t.me/positiveanglenews/21597

PAN